User:Muse.nay

From Wikipedia, the free encyclopedia

တံခါး 2/15/2007 12:17:56 PM

(ကြူးနှစ်)

၊အုံသည် ကမဟောင်းမှာ <ကင်းကျန်ရစ်ခဲ့သော စံအိမ်ပျက်တစ်လုံးနှင့် တူလှ၏။ အိုမင်းခြင်း၊ ပျက်စီးခြင်း၊ အထီးကျန်ခြင်းတို့သည်ပင်လျှင် ယင်း၏ အသက်နှယ်ထင်ရသည်။ ကြည့်မြင်သူ၏ စိတ်နှလုံးကို ခန်ခြောက်ညိ၊ုးနွမ်းစေလောက်အောင် အကျည်းတန်ခြင်းကမူ ထိုအဆောက်အအုံ၏ အရှိန်အ၀ါဖြစ်နိုင်ဖွယ်ရှိသည်။ မည်သို့ဆိုစေ ၊ားကို ကျွန်တော် နှစ်ခြိုက်မိပါသည်။

တ်ာကြီး ကျောင်းပျက်ကြီးမှ ကိုက်တစ်ထောင် ပတ်ဝန်းကျင်တွင် လူနေအမ်ခြေကို ကျွန်တော်မတွေ့မိ။ ၊ား သို့ လူသူလေးပါးမဆိုထား ကျွဲနွားများပင် လာရောက်ကျက်စား တတ်ပုံမရ။

ထိုကြောင့် အစွန်ပယ်ခံ ၊ားကို ကျွန်တော် တကူးတကန့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

တော၊ိုင်း ချုံနွယ်များက ကျောင်းပျက်ကြီးကို ၀န်းရံထားပုံမှာ နန်းကျဘုရင် အိုကြီးပါးကို စစ်ပမ်းနေကြသော ရဲမက်များက ဖြစ်ကတက်ဆန်း ၀ိုင်းဝန်းကာကွယ်ထားကြသည့် ပမာဖြစ်သည်။

ကျောင်းပျက်ကြီး၏ (အရှေ့) အရပ်တွင်ကပ်လျက် ချိုင့်ဝှမ်းကလေး မှာ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ကောသွားခဲ့သည့် ရေကန်တစ်ကန် ဖြစ်နိုင်ပါသည်။

ထိုချိုင့်ဝှမ်းကလေး၏ အထက်(တောင်) အရပ်တွင် မြက်ရိုင်းများနှင့် ရောထွေးနေသော ရေညိ၊တက်အုတ်ပုံကြီးတစ်ပုံ ရှိသည်။ ညီညာသေသပ်သော အုတ်ပုံမဟုတ်ပါ။ ရှေးဟောင်းမြေအုတ်များ အကျိုးကျိုးအပဲ့ပဲ့ စုဝေးနေကြခြင်းသာဖြစ်သည်။

ရှေးအတိတ်က အကြောင်းတစ်စုံတစ်ရာကြောင့် မြေခပြိုပျက်ခဲ့သော စေတီငယ်တစ်ဆူ၏ အ<ကင်းအကျန် သဲလွန်စဟုသာ ကျွန်တော်မှတ်ယူလိုက်မိပါသည်။

ထိုအုတ်ပုံနှင့် မလှမ်းမကမ်းတွင် ပေနှစ်ဆယ်ကျော်ကျော် မြင့်မားမားမည့် ထန်းပင်ငုတ်တိုကြီးတစ်ခု ထီးထီးမားမားရှိသည်။ ထန်းပင်၏ထိပ်ပိုင်းသည် ဧရာမမီးသွေးတုံးကြီးနှင့် တွယ်ဆက်ထားသလို မည်းကြုတ်နေပါသည်။ မိုးကြိုးမှန်�ီးလောင်ပြီးနောက် ကျန်ရစ်ခဲ့သည် သင်္ခါရ ၊ုပ်<ကင်းဟု ကျွန်တော်ပြောရဲပါသည်။

ကျောင်းပျက်၊ ရေကန်ဟောင်း အုတ်ကျိုးအပိုင်းအစနှင့် ထန်းပင်ငုတ်တိုတို့က ရှေးသရောအခါက ၊ားတ၀ိုက်၏ စည်ပင်စိမ်းလန်းပုံ၊ အသက်ရှင်စိုပြည်ပုံတို့ကို တိတ်ဆိတ်စွာ ပြောဆို<ကားဝါ ချင်ကြပုံရသည်။

သို့သော် သူတို့မှာ ပြောဆို<ကားဝါနိုင်သော မာနမျိုးမရှိကြတော့။ ၊ားသည် အမှန်ပင် ဂုဏ်သိန်ကင်းမဲ့ပြီး ညိ၊ုးခြောက်သော နေရာမျိုးဖြစ်သည်။ ဂြိုလ်သေတစ်လုံးပေါ်မှ အသက်မဲ့ဒေသမျိုး ဖြစ်သည်။ ၊ားသို့ ရောက်ရှိလာသူတစ်ဦးသည် ဝေးလံသောသမိုင်းထဲသို့ ထိုးဖောက်ကာ ကမǭဟောင်းတစ်နေရာသို့ ရောက်ရှိလာသကဲ့သို့ ခံစားမှုများ ခန်းခြောက် ငြိမ်ဝပ်သွားနိုင်သည်။

ကျွန်တော်အတွက်မူ ၊ားသည် ထူးခြားစွာ ဆိတ်သုဉ်းခြင်းမဖြစ်ပါ။ မိမိကိုယ်တိုင် စိတ်နှလုံး ညိ၊ုးနွမ်းခြောက်ဆိတ်သုဉ်းနေသူ တစ်ဦးအတွက် စိတ်နှလုံး ညိ၊ုးခြောက်ဆိတ်သုဉ်းဖွယ်နေရာဟူ�ကမǭမြေပြင်တွင် မရှိတော့ဟု ကျွန်တော်ထင်မိပါသည်။

သိသိမှတ်မှတ် ခံစားရသော အချက်ကား ၊ားသို့ ရွေးချယ်လာရောက်နိုင်ခြင်းအတွက် ကျွန်တော်ကျေနပ်အားရခြင်းမိသာ ဖြစ်သည်။

၊က်ငင်းတွေ့ရှိနေရသော နေရာမျိုးရှိနေလိမ့်မည်ဟု အစက ကျွန်တော်မထင်ခဲ့။ သို့သော် ပြည်မြို့မှ ရှေ့ဘက်သို့ မိုင်သုံးဆယ်ခန့် ထွက်လာမိချိန်တွင် လွင်တီးခေါင်တွင် စွန့်ပစ်ထားသည့် သေတ孹ျက် အခွံတစ်လုံးနှင့်တူလှသော ၊းပျက်ကြီးကို ၊ုတ်တရက် ကျွန်တော်တွေ့ခဲ့ရခြင်းဖြစ်၏။ ဘုရားသခင်(သို့မဟုတ်) မာရ်နတ်က ကျွန်တော်ကို ၊ားသို့ တိုက်၊ိုက်ပို့ဆောင်ပေးလိုက်လေသလားဟုပင် ထင်စရာရှိပါသည်။

ကျွန်တော်ကျောင်းပျက်ကြီးဆီသို့ ရောက်ရှိနေခဲ့သည်မှာ နာရီဝက်ခန့်ကြာခဲ့ပြီ။ ကျောင်းပျက်ကြီးမှာ အုတ်တိုက်ခံ သစ်သားကျောင်းဖြစ်ပြီး ဆွေးမြည့်ပေါက်ပြဲနေသော သွပ်အမိုးမချို့ ကျန်ရှိနေကြသေးသည်။

မြေညီထပ်တွင် အင်္ဂတေကြမ်းခင်းအနည်းငယ် ကျန်နေသေးသော်လည်း အပေါ်ထပ်မှ ကြမ်းခင်းပျဉ်နှင့် နံရံသစ်သားများမရှိကြတော့။ ကြမ်းခင်းဆင့်များ၊ တိုင်လုံးများ၊ ခေါင်းမိုးထုပ်တန်းများ ကျိုးတိုကျဲတဲ ကျန်ရှိနေသေးသည်။

အေက်ထပ်မှ အုတ်နံရံများမှာရေည၊ိများ၊ ကပ်ပါးနွယ်မြက်များ၏ ၀ါးမျိုမှုကို တောင့်ခံထားကြရင်း မိမိတို့၏ ဇာတိ၊ုပ်ကို တစ်စွန်းတစ လှစ်ပြလျက်ရှိကြသေးသည်။ အလင်းရောင်နည်းပါးသော အခန်းများထဲမှ လင်းနို့ချေးနံ စူးစူးရှရှလွင့်ထွက်နေမှန်း ကျွန်တော် သတိပြုမိခဲ့ပါသည်။ ထုပ်တန်းတစ်နေရာတွင် တွယ်ကပ်နေသော မွဲပြာပြာတောက်တဲ့တစ်ကောင်ကိုလည်း ကျွန်တော်သတိပြုမိခဲ့ပါသည်။

ကျွန်တော်သည် ကျေနပ်အားရစိတ်ဖြင့် ရေညိ၊နှင့်သစ်ရွက်ခြောက်များ ရောယှက်နေရာ အင်္ဂတေကြမ်းခင်းတစ်နေရာ၊။> ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါသည်။ အနŭတိအတိုက် တစ်နေရာတွင် ကိုယ်ပိုင်နယ်မြေသစ် စိုက်ထူပြီးခါစ စူးစမ်းရှာဖွေသူ သိပ܈ပညာရှင် တစ်ဦး၏ပီတိမျိုးဖြင့် ကျွန်တော်ကြည်နူးနေပါသည်။

ကျွန်တော်သည် မိမိ၏ဘယ်လက်ရှိ လက်ပက်နာရီကို ငုံ့ကြည့်ကာ ကျွန်တော်သေရမည့် အချိန်ကိုသတ်မှတ်လိုက်ပါသည်။

"ညနေ ၆ နာရီ တိတိ"

ယခုညနေ ၄ နာရီထိုးခါစပဲ ရှိသေးသည်။ သုံးဆယ့်တစ်နှစ်ရှစ်လနှင့် ငါးရက်မျှရှိသော ကျွန်တော်အသက်ကို မိနစ်တစ်ရာ ကျော်မျှပေါင်းစွက်ပြီး အနည်းငယ် ဆန့်ထုတ်နိုင်ခွင့်ရှိသည့်တိုင် ကျွန်တော်အသက်ကို နှစ်နှင့်ချီ�န့်ထုတ်နိုင်ခွင့်မရှိတော့သဖြင့် ကြေကွဲမနေပါ။ သေခြင်းတရားကို တုန်လှုပ်ခြင်းကင်းမဲ့စွာ ထိတွေ့ဖို့သာ ကျွန်တော်အသင့်ပြင်ထားပါသည်။

ထိုင်ချပြီးနောက် ၊ုတ်တရက်ဆိုသလို နွဲကိုသတိရလိုက်သည်။ ယနေ့အဖို့ ထိုအမျိုးသမီးကို ပထမဆုံးအကြိမ် သတိရ ခြင်းဖြစ်သည်။ နွဲ့ကို သတိရခြင်းနှင့်အတူ အသည်းနှလုံးကြေကွဲဖွယ် အတွေးက ကျွန်တော်၏အသိအာ၊ုံကို ကိုက်ဆွလာပါသည်။ မကြာခဏ ကိုက်ဆွလာတတ်သည့် အတွေးဖြစ်�ဘမ ။> များစွာ မနာကျင်တော့ပါ။

မိမိဘ၀ကို မိမိကိုယ်တိုင်အဆုံးသတ်ရန် တစ်ချက်လွှတ် စီရင်လိုက်သူမှာ နွဲ့ဖြစ်နေလေမလား၊ ဖြစ်နိုင်ပါသည်။ မဖြစ်နိုင်ဟုပြောလျှင်လည်း မမှားပါ။

နွဲ့နှင့်ကျွန်တော် ဆုံစည်းစေရန် ဖန်တီးသူမှာ ဘုရားသခင်ဟုထိုစဉ်က ကျွန်တော်မှတ်ယူခဲ့ပါသည်။ ယခုမူ မှတ်ယူချက်ကို ကျွန်တော်ပြင်လိုက်ပြီ။ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံပေါင်းစည်းဖို့ စီမံလိုက်သူမှာ မာရ်နတ်သာဖြစ်ရမည်။ ကျွန်တော်ကိုသတ်မည့် တရားခံအစစ်မှာလည်း မာရ်နတ်ပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

နွဲ့သည်...နွဲ့ကိုကျွန်တော်မတွေ့ရှိမီ နှစ်များတုန်းက ကျွန်တော်စိတ်ကူးယဉ် မြတ်နိုးပိုင်ဆိုင်လိုသည့်စံပြ မိန်းကလေးမျိုးဖြစ်သည်။ ထိုကြောင့်နွဲ့ကို ကျွန်တော်တွေ့ရှိသည်နှင့် ကျွန်တော်ခန၊ာမှာ ရှိရှိသမျှသော သွေးများဆူပွက်သွားခဲ့ကြပါသည်။ မိမိကိုယ်မိမိ ရူးသွပ်မသွားအောင် ကြိုးစားထိန်းကွပ်ခဲ့ရပါသည်။

ကျွန်တော်၏နှစ်သက်ခြင်းက ချစ်ချင်းမေတ孵ို တစ်ပါတည်းခေါ်ယူလာခဲ့သည်။ေ>မတစ်ကောင်အရေခွံလဲသလိုက်သလို ကျွန်တော်၏စိတ်နှစ်လုံးက ပြောင်းလဲသစ်လွင်သွားခဲ့သည်။

အိမ်မက်တစ်ခုက ရုပ်ဒြပ်အကောင်အထည်ဖြစ်လာသည့်နှယ် ကျွန်တော်သည်နွဲ့ကို ကြည့်ငေးရင်း အသက်ရှုရန်မေ့လျော့ နေမိခဲ့၏။ ကျွန်တော်လွန်စွာ အံသြနေခဲ့၏။

သဘာဝရတရား၏ ဆုလဒ်သဖွယ် နွဲ့၏ရုပ်ခန၊ာဖွဲ့စည်းမှုသည် အပြစ်မဲ့နေသည်။ လိုက်လျောလွယ်ခြင်းနှင့် တင်းမာငြင်းဆန်လိုခြင်း အစွန်းနှစ်ဘက်မှလွတ်သော သုညသဒန်ဖွဲ့နွဲ့ ပိုင်ဆိုင်ထားသည်။

ထိုသို့သော ရုပ်အလှသည် မိန်းကလေးပီသစွာ စရိုက်လှပခြင်းနှင့်လည်း တစ်သားတည်းပေါင်းဖွဲ့ထားသည်ဟု ကျွန်တော်ထင်၏။ ရယ်မောလိုက်လျှင် သူမအနီးမှ နေသူတိုင်းမရယ်ဘဲ မနေနိုင်သောဟန်ပန်မျိုး နွဲ့မှာရှိ၏။

စကားမပြောဘဲ ငြိမ်သက်နေသောအခါ နွဲ့နဂိုနေ မျက်လုံးများ၏ နက်မှောင်ခြင်း ပိုမိုနက်မှောင် သိတ်သည်းလာတတ်သည်။ နွဲ့၏မျက်လုံးများတွင် သိမ်မွေ့ခြင်းမှာ ဆွေးရိပ် သမ်းဝေနေခြင်း ရှိတတ်ကြသည့်နည်းတူ နွဲ့အသံက ခင်မင်ပွင့်လင်းတတ်ခြင်းနှင့် ရိုးသားစွာ ဖိတ်ခေါ်ခြင်းတို့ကို သရုပါဖော်လေ့ရှိသည်။

တကယ့်မိန်းကလေး တကယ့် မိန်းကလေးဟု ကျွန်တော်စိတ်ထဲတွင် ထပ်တလဲလဲ ရေရွတ်ခဲ့ဖူးသည်ကို ယခု လက်ငင်းကာလအထိ ကျွန်တော်အမှတ်ရနေပါသေးသည်။

နွဲ့နှင့် အိမ်ထောင်မပြုမီ နှစ်ပေါင်းများစွာကတည်းက အိမ်ထောင်ပြုခြင်းအကြောင်းကို ကျွန်တော်နက်ရှိုင်း ကျယ်ပြန့်စွာ စဉ်းစားဝေခွဲခဲ့သဖြင့် နွဲ့နှင့်တွေ့သောအခါ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်�ျွန်တော်အချိန်ယူ တွေးတောခြင်းမပြုတော့။

ယခင်ကစဉ်းစားဝေခွဲခဲ့သမျှကို နွဲထံ တိုက်ရိုက်ဖွင့်ဟဖိုပဲ ကျွန်တော်ဆုံးဖြတ်သည်။ မိုက်မိုက်ကန်းကန်း အတင့်ရဲ ဆန၊စောမှုလား၊ ရူးသွပ်မှုလား ထိုစဉ်တုန်းက ကျွန်တော်မခွဲခြားတတ်ခဲ့။

"အမ်ထောင်ရေးဘ၀မှာ ယောက်ျားတွေက အနေအထိုင်လျောရဲလာတတ်တယ်။ အတ尤တ်ကြီးထွားလာတတ်တယ်။ စာရိတ左ောစားးလဲ နိမ့်ကျလာတတ်တယ်လို့ အင်္ဂလိပ်စာရေးဆရာကြီး ရောဘတ်လူးဝစ်စကီပင်ဆင်က ရေးဖူးတယ်။ နောက်ပြီးသူ ဆက်ရေးထားတာက အိမ်ထောင်ရေးဘ၀ဟာ နှင်းဆီမွေရာ မဟုတ်ဘူးတဲ့ စစ်မြေပြင်တဲ့"ဟု နွဲ့ပြောစဉ်က...


"ကျွန်တော် အဲဒီစာတွေမဖတ်ဖူးဘူး" ဟု ကျွန်တော်ဝန်ခံ သည်ကို ယခုထက်တိုင် ထင်ထင်ရှာရှား မှတ်မိနေဆဲ ဖြစ်ပါသည်။

အိမ်ထောင်ပြုခြင်းအကြောင်းကို နက်ရှိုင်းကျယ်ပြန့်စွာ စဉ်းစားဝေခွဲခဲ့သည့် ကာလများအတွင်း အိမ်ထောင်ပြုခြင်း၏ အနိဠာရုံ အပိုင်းကို မီးမှောင်းထိုးပြသော စာပေများကို ကျွန်တော်ဖတ်ရှုမိခဲ့ပါသည်။ တစ်ယေက်သော ပြင်သစ်အတွေးခေါ်ရှင် စာရေးဆရာက အိမ်ထောင်ရေးဘ၀ကို ငှက်လှောင်အိမ်နှင့် နှိုင်းသည်။

တစ်ယောက်သော အင်္ဂလိပ်စာရေးဆရာကမူ အိမ်ထောင်မပြုပဲ တစ်ကိုရေ နေထိုင်ခြင်းသည် ငရဲကျခြင်းဖြစ်ပြီး အိမ်ထောင်ပြုပြန်ပါကလည်း ပလိပ်ရောဂါ ဆိုက်ရောက်သလို ဟုဆိုသည်။

အင်္ဂလိပ်စာဆိုတော်ကြီး ရှိတ်စပီးယားက လူငယ်တစ်ဦး အိမ်ထောင်ပြုလိုက်လျှင် သူ့ဘ၀ ပျက်စီးသွားပြီဟု ရေးပါသည်။

ငယ်ရွယ်စဉ်အိမ်ထောင်မပြုရန်နှင့် ကြီးရင့်လာပါကလည်း အိမ်ထောင်ရေးကို လုံးဝရှောင်ကွင်းဖို့ မှာကြားရေးသားသူလည်း ရှိသည်။ ကျွန်တော် ဖတ်ရှုခဲ့ဖူးသော အလွမ်းဇာတ်ဝတု အများစုမှာ အိမ်ထော်ရေး ပြိုကွဲပျက်စီးခြင်းကို အလေးပေးရေးသားထားကြခြင်းအား သတိပြုမိခဲ့ပါသည်။

ကျွန်တော်နေထိုင်ရာ ရပ်ကွက်တွင် အိမ်ထောင်ရေး ပြ��ို ဇာတ်ကွက်ထွင် ၀တုဖွဲ့လေ့ရှိသူ စာရေးဆရာတစ်ဦး နေထိုင်ရာ ထိုစာရေးဆရာတို့ ဇနီးမောင်နှံ ကို တစေ့တစောင်း လေ့လာကြည့်သောအခါ များသောအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေတတ်ကြကြောင်းတွေ့ရှိရသဖြင့် ကျွန်တော်အား အံ့အားသင့်ခဲ့ရပါသည်။

"အိမ်ထောင်မပြုနဲ့ တစ်ကိုယ်ရေတစ်ကာယနေတာ စိတ်ချမ်းသာတယ်ကွ" ဟု ကျွန်တော်အား ပြေခဲ့ဖူးသူ ဦးလေးတစ်ယောက်မှာ အိမ်ထောင်လေးဆက်ကျခဲ့သူဖြစ်၏။ လူယောက်ျားတစ်ဦးနှင့် လူမိန်းမတစ်အတူတကွ ပေါင်းသင်းနေထိုင်ရာ(၀ါ) အိမ်ထောင်ပြုရာမှ ပေါက်ဖွားလာသူ တစ်ဦးကအိမ်ထောင်ပြုခြင်းကို ဘာကြောင့်ပြစ်တင်ကန့်ကွက်မှန်း ကျွန်တော်နားမလည်ခဲ့ပါ။

နွဲ့ကိုမတွေ့မီ နှစ်ပေါင်းများစွာကတည်းက အိမ်ထောင်ပြုခြင်းက လူသားတိုင်းမလွဲမသွေ ထမ်းရွက်သယ်ပိုးရမည့် သဘာဝ တာဝန်တစ်ရပ်ဟု ကျွန်တော်ယုံမှတ်ခဲ့ပြီးဖြစ်သည်။ ထိုကြောင့် နွဲ့ထံ လက်ထပ်ခွင့်တောင်းခဲ့ချိန်က ကျွန်တော်စိတ်တည်ငြိမ်ပြီး လိပ်ပြာသန့်သန့် စကားပြောနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။


လူသားတိုင်း အိမ်ထောင်ပြုရမည်။ သို့သော်အိမ်ထောင်ဘက်ကိုမူ စနစ်တကျရှာဖွေ ရွေးချယ်ရမည် ဂုဏ်မြင့်သူယောက်ျားအာဇာနည်တစ်ဦးက အစေခံကျွန်မကို လက်မထပ်ရ၊ ပါရမီရှင် ပညာတက်ယောက်ျားသည် ပညာမဲ့ကျေးတောသူနှင့် မပေါင်းဖက်ရ၊ မျိုးတူအဆင့်တူချင်းသာ ပေါင်းဖက်လက်တွဲရမည်။

ချစ်ခြင်းမေတ孯ည် အိမ်ထောင်ရေး၏ အဓိက အားပြုရာ မဟုတ်။ ချစ်ခြင်းမေတ孵ို ရှေ့တန်းတင်လိုက်သော ယောက်ျားဆီ၊ပညာခွန်အား ယုတ်လျော့သွားတတ်သည်။

အိမ်ထောင်ပြုခြင်းသည် မိမိ၏ မျိုးဆက် ပြန့်ပွားရေးအတွက်သာ မဟုတ်။ မိမိမျိုးဆက် အဆင့်ဆင့် မြင့်မားတိုးတက်လာဖို့ ဖြစ်သည်။ သွေးတူမွေးတူ မိဘနှစ်ပါးက ဖန်တီးလိုက်သော သားသမီးသည် ဖန်တီးလိုက်သူများထက် အရည်အသွေး ပိုမိုထွန်းတောက် လာစေရမည်။ လူ့ဘ၀၏ တန်ဖိုးသည် အကောင်းဆုံး ဖြစ်သော အိမ်ထောင်ရေးကို တည်ဆောက်ခြင်းဖြင့် အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိလာသည်။

၊ျားကို နွဲ့အား ကျွန်တော် စိတ်အားတက်<ကစွာဖြင့် ဖွင့်ဟခဲ့ပါသည်။ နွဲ့သည် ကျွန်တော့်ထံမှ ပွင့်လင်းသော ဆန၊နှင့် ရှင်းလင်းသော ရည်ရွယ်ချက်များကို စိတ်ဝင်စားသော အမူအရာဖြင့် နားထောင်နေပါသည်။

သူမ စိတ်ဝင်စားသည်မှာ ကျွန်တော့်ကိုလား။ ကျွန်တော်၏ စိတ်ကူးစိတ်သန်းများကိုလား။ ထိုစဉ်က ကျွန်တော် မဆုံးဖြတ်နိုင်ခဲ့။ ယခုအခါ ပြန်တွေးကြည့်ရာတွင် ထိုစဉ်က နွဲ့ စိတ်ဝင်စားဟန် ပြခဲ့သည်မှာ ကျွန်တော့်ကိုလည်း မဟုတ်။ ကျွန်တော့် အယူအဆများကိုလည်း မဟုတ်ဘဲ၊ ကျွန်တော်နှင့် အိမ်ထောင်ပြုပြီးနောက် ရင်ဆိုင်ရဖွယ်ရှိသော အတွေ့အကြုံအသစ်များကိုသာ တင်ကူး မှန်းဆကာ စိတ်ဝင်စားနေခဲ့ကြောင်း ကျွန်တော် နားလည်လာရသည်။

ထိုစဉ်အခါက နွဲ့သည် ကျွန်တော့်ကို အသုံးချ ကိရိယာ တစ်ခုအဖြစ် မြင်ယောင်နေသလား မဆိုနိုင်။ ကျွန်တော်ကတော့ နွဲ့ကို ကစားစရာအဖြစ် ဘယ်တုန်းကမျှ မယူဆခဲ့ပါ။ နွဲ့ကသာ ကျွန်တော့်ကို စိတ်လှုပ်ရှားစရာ ကစားဝိုင်းထဲသို့ ခေါ်ယူလာခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်နှင့် နွဲ့တို့၏ အိမ်ထောင်ရေးသည် ကစားပွဲ တစ်ပွဲသာ ဖြစ်ခဲ့သည်။ အိမ်ထောင်ရေး၊။> အရှုံးအနိုင် မရှိခဲ့သော်လည်း ကစားပွဲ၊စှးုံးအနိုင် ရလဒ်ရှိနေသည်။

လောက၊်ျားနှင့် မိန်းမသည် အဆုံးမဲ့ ပြိုင်ပွဲတစ်ခုတွင် ယှဉ်ပြိုင်နေကြသည်ဟု ကျွန်တော် နားလည်သည်။ ထိုပြိုင်ပွဲသည် ဘယ်တော့မျှ သရေပွဲ မဖြစ်။ ယောက်ျားက မိန်းမအတွက် ပျော်မွေ့ဖွယ် အိမ်ထောင်ရေး ဖန်တီးပေးနိုင်လျှင် ပြိုင်ပွဲ၊်ျားက အနိုင်ရသွားသည်။

မိန်းမသည် ရှုံးနိမ့်သည့်တိုင်အောင် ဂုဏ်ငယ်မသွားပါ။ အနိုင်ရသူ၏ ထာဝရ ကစားဖက်အဖြစ် ဂုဏ်ယူနိုင်သေးသည်။ ပျော်မွေ့ဖွယ် အိမ်ထောင်ရေးကို ဖန်တီးပေးနိုင်ခြင်း မရှိသူ ယောက်ျားမှာ ပြိုင်ပွဲတွင် အရှုံးကို ရင်ဆိုင်ရသည်။

ရှုံးနိမ့်သူ ယောက်ျားသည် ဂုဏ်ငယ်ရုံသာမဟုတ်။ အနှစ်မဲ့ အဆန်ချောင် လူသားဘ၀သို့ နိမ့်ကျသွားသည်။ သူ့ဘ၀သည် ဗလာဟင်းလင်း ဖြစ်ကျန်ခဲ့ပါသည်။

နွဲ့ကို ကျွန်တော် ရှုံးနိမ့်ခဲ့ရသော အကြောင်းရင်းများစွာ ရှိနိုင်သည်။ သို့တည်းမဟုတ် တစ်ခုတည်းသော အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ဘာကြောင့် ကျွန်တော်တို့၏ အိမ်ထောင် ပြိုကွဲသွားရသလဲဟု မေးလာလျှင် ကျွန်တော် အဖြေမပေးတတ်ပါ။ ယခု ကျွန်တော် သေခါနီးဆဲဆဲ ကာလအထိ ထိုမေးခွန်းအတွက် အဖြေ အဆင်သင့် မရှိသေးပါ။ ထိုမေးခွန်းသည် ကျွန်တော့်ဘ၀တွင် အကြီးကျယ်ဆုံး ပုစ䭪ဖစ်နေသည့် ထိုပုစ䭵ို တမလွန်သို့ တပင်တပန်း သယ်ဆောင်သွားရန် ကျွန်တော် ကြိုးစားကြည့် ချင်ပါသေးသည်။

နွဲ့သည် ယခုအချိန်ထိ (ကျွန်တော် သေဆုံးရန် မိနစ်အနည်းငယ် လိုသေးသည်) ကျွန်တော်၏ တရားဝင် ကာမပိုင် ဇနီးအဖြစ် ရှိနေသေး၏။ သို့သော နွဲ့ကို ကျွန်တော် အစစ်အမှန် ပိုင်ဆိုင်ခဲ့သည်ဟု မပြောဝံ့။ နွဲ့သည် ကျွန်တော် ဇနီးဖြစ်သည့်တိုင် သူမ၏ အလိုဆန၊၊ စိတ်ကူးစိတ်သန်း ခံစားချက်တို့ကို သူမဘာသာ လွတ်လပ်စွာ ဖော်ထုတ်တတ်သူ ဖြစ်သည်။ ကျွန်တော်နှင့် ညှိနှိုင်းခြင်း၊ ကျွန်တော့်ထံ ဝေမျှခြင်း၊ အကြံဥာဏ် ရယူခြင်းမျိုး နွဲ့ မပြုလုပ်ခဲ့။

ကျွန်တော်နှင့် နွဲ့တို့ တစ်အိမ်တည်းမှာ အတူနေကြသည်။ အိပ်ရာ တစ်ခုတည်းမှာ အတူ အိပ်စက်ကြသည်။ သို့တိုင် ကျွန်တော်တို့ နှစ်ယောက်အကြားမှာ ကွာဝေးမှု ရှိနေသေးသည်။

ကျွန်တော်တို့ နှစ်ယောက်၏ ကိုယ်ပိုင်းစိတ်ပိုင်း အကျွမ်းတ၀င် အဖြစ်ဆုံး၊ ရင်းရင်းနှီးနှီး အကျွမ်းတ၀င် အဖြစ်ဆုံး တဒင်္ဂ ကာလမျိုးမှာပင် ထိုကွာဝေးမှုက ရှိနေမြဲဖြစ်၏။ ကွာဝေးမှုကို နွဲ့သိပုံမရ။ ကျွန်တော်သာလျှင် သိသည်။ သိမှုကြောင့် ကျွန်တော် ဝေဒနာ ခံစားရပါသည်။

ကျွန်တော်တို့ အလွယ်တကူ ဆင်ခြင်မှုမဲ့စွာ လက်ထပ်ခဲ့ကြခြင်း မဟုတ်ပါ။ ချစ်သူများအဖြစ် လပေါင်း နှစ်ဆယ်ခန့် နေထိုင်ကြသည်။ နှစ်ဖက်မိဘများနှင့် အနီးဆုံး ပတ်ဝန်းကျင်၏ သဘောတူညီမှုကိုလည်း ရယူခဲ့ကြသည်။ ရာသက်ပန် အိမ်ထောင်ရေးအဖြစ် တည်တံ့စေမည့် ကြိုတင်ဆောင်ရွက်မှုများလည်း အစီအစဉ်တကျ ပြုလုပ်ခဲ့ကြသည်။

သို့တစေ ကျွန်တော်တို့ အကြားသို့ တတူတကွ နေပြီဆိုကတည်းက ကွာဝေးမှု အလိုလို ရောက်ရှိနေရာယူလာသည်။ မည်သူ ဖန်တီးပို့လွှတ် လိုက်ပါသလဲ။ ကျွန်တော် မတွေးတတ်ပါ။

အိမ်ထောင်သက် ကြာညောင်းလာလျှင် ကွာဝေးမှု ကွယ်ပျောက်သွားလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ခဲ့၏။ မျှော်လင့်ချက် မပြည့်ဝခဲ့။ အိမ်ထောင်သက် ကြာလာလေ ကွာဝေးမှုက ကျယ်ပြန့်လာလေ ဖြစ်သည်။

အချိန်ကာလသည် ရောဂါများကို ကုစားပေးတတ်သည်။ ပြ��ျားကို ဖြေရှင်းပေးတတ်သည်။ သို့သော် နွဲ့နှင့် ကျွန်တော်တို့ကြားမှ ကွာဝေးမှုကို ကျယ်ပြန့်လာလေဖြစ်သည်။

ကျွန်တော်က ကွာဝေးမှုကို ခံစားရင် ဆောင့်နေဆဲတွင် အိမ်ထောင်သက် သုံးနှစ်ပြည့်လာခဲ့သည်။ ထိုအချိန်မှာပင် ရုတ်တရက် မြေငလျင် လှုပ်လိုက်သလို ကျွန်တော်တို့ နှစ်ယောက်လုံး ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြ၏။ ကျွန်တော်တို့ တစ်ယောက်မျက်နှာကို တစ်ယောက် အထိတ်တလန့် ကြည့်နေမိခဲ့ကြသည်။

ကျွန်တော်သည် အစားအသောက် အနေအထိုင် ဆင်ခြင် သတိထားပါလျက်နှင့် ကျွန်တော်၏ လိင်ခွန်အား ရုတ်တရက် ဖောက်ပြန် ရပ်ဆိုင်းသွားပါသည်။ နွဲ့က သားသမီးယူရန် ဆုံးဖြတ်လိုက်သော အချိန်နှင့် ကံဆိုးစွာ တိုက်ဆိုင်နေသည်။ ကျွန်တော်က သမားတော်များနှင့် အပူတပြင်းတိုင်ပင်ကာ ကူသမှု ခံယူပါသည်။ လိင်ခွန်အား ရပ်ဆိုင်းနေရုံမျှမက အိပ်မပျော်ခြင်းနှင့် ခံတွင်းပျက်ခြင်းတို့က ထပ်မံဖိစီးလာပြန်သည်။

အလိုလိုနေရင်း စိတ်တိုနေတတ်သဖြင့် ကျွန်တော်၏ လုပ်ခွင်ထဲတွင် ဆက်ဆံရေး ပြသနာအချို့ ဖန်တီးမိပြန်သည်။ ၊ျွန်တော် ကျန်းမာရေး ယိုယွင်းသွားစဉ် နွဲ့က ယခင်ကထက် ကျွန်တော့်ကို ပိုမို ကြင်နာဟန် ပြခဲ့သည်ကို ကျွန်တော် မမေ့နိုင်ပါ။ သို့သော ကျွန်တော်၏ ကျန်းမာရေး ပြောင်းလဲမှုက ကွာဝေးမှုကို တိုးချဲ့ပစ်လိုက်ကြောင်း ကျွန်တော် သိရှိခံစားရပါသည်။

၆ လ ကြာမြင့်ခဲ့သည်။ လိင်ခွန်အား ပုံမှန်ရရှိရေးအတွက် အပြင်းအထန် ကြိုးစားမှုတွေကို ကျွန်တော် ငြီးငွေ့စ ပြုလာသည်။ နွဲ့နှင့် အိပ်ယာချင်း ခွဲခြားထားလိုက်သောအခါ ကွာဝေးမှုသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။ နွဲ့မျက်နှာကို ယခင်ကလို ရဲရဲ မကြည့်ဝံ့တော့။ နွဲ့ မျက်လုံးများသည် လှောင်အိမ်ထဲက ဆူဖြိုးသော ကျားသစ်မတစ်ကောင်၏ မျက်လုံးတွေကို ၀င်းဝင်း တောက်နေကြသည်။ ကျွန်တော် မလိုက်စေဘဲ နွဲ့တစ်ယောက် အလည်အပတ် သွားလာစ ပြုသည့်အခါ ကန့်ကွက်တားစီးရန် ကျွန်တော် နှုတ်ဆွံ့အနေမိခဲ့၏။ ကွာဝေးမှုကို နွဲ့ကိုယ်တိုင် အထင်အရှား ဖန်တီးနေပြီဟု ကျွန်တော် နားလည်စပြုလာခဲ့ပါသည်။

နွဲကကွာဝေးမှုကို တိုးချဲ့နေစဉ် ကျွန်တော်က ကွာဝေးမှုကိုချုံပစ်ရန် ကြိုးစားလျက်ရှိသည်။ နွဲ့အပေါ် ယခင်ကထက် ပိုမိုသောဂရုပြုယုယမှုများ၊ လိုက်လျောမှုများ၊ အခွင့်အရေးပေးမှုများ ထားရှိခဲ့သည်။ ကြိုးစားမှုများက ထင်သလောက်မသွားခဲ့။ နွဲ့ကိုနမ်းရှုပ်နေစင်မှာပင် နွဲ့သည်အဝေးမှာ ရောက်နေသလို ထင်မိသည်။ နွဲ့ကို ပွေ့ဖက်ထွေးပိုက်ရသည်မှာ သစ်သားတစ်ရုပ်တစ်ရုပ်ကို ပွေဖက်မိသလို ခံစားရသည်။နွဲ့သည် ကျွန်တော် နားမလည်နိုင်သော အဓိပܭယ်များ ထင်ဟပ်လျက်ရှိသည့် မျက်လုံးမျိုးဖြင့် ကျွန်တော်ကို ကြည့်ရှုလာခဲ့ပါသည်။ အိပ်ပျော်စေရန်ဟု အကြောင်းပြပြီး ကျွန်တော်ညဘက်အရက်သောက်သောအခါ နွဲ့ကတားမြစ်ခြင်းမပြု။

ကျွန်တော်ရော နွဲ့ပါ ဟန်ဆောင်ကောင်းကြမှန်း ထိုအခါက ကျွန်တော် သိရှိနားလည်ပါသည်။ အတူတကွ အိပ်စက်ခြင်းမပြုသည်မှအပ ကျွန်တော်ကို လက်ထပ်ခါစအတိုင်း ပူးပူးကပ်ကပ် တယုတယနေထိုင်ကြသည်။ ကျွန်တော်တို့၏ ကွာဝေးမှုကို ဘေးလူမသိနိုင်ပါ။ တစ်ခါတစ်ရံ ကျွန်တော်ကိုယ်တိုင်ပင် နွဲ့နှင့် ကျွန်တော်တို့ကြားမှာ မည်သို့သောပြသနာမျှ မရှိသလို ယောင်မှားခံစားပါသည်။ ကျွန်တော်နှင့် နွဲ့တို့ကြားမှာ ကွာဝေးမှုရှိနေသည်ဟု ကျွန်တော်ထင်နေခြင်းသည် ထင်ယောင်မှုသက်သက်။ တကယ်တမ်းမရှိဟုလည်း မကြာခဏ ကျွန်တော် ရသေ့စိတ်ဖြေ တွေးမိသည်။

ကျွန်တော်အလုပ်ခွင်မှ ခွင့်ရက်ရှည် ယူပြီး နွဲ့ကိုခေါ်ကာ ငပလီကမ်းခြေသို့ အပျော်ခရီးထွက်ခဲ့ပါသေးသည်။ အပျော်ခရီးတွင် ကျွန်တော်ပျော်ရွင်မှု မရှိခဲ့ပါ။ နွဲ့ကမူအပျော်ခရီးမှ ပျော်ရွင်စရာ အားလုံးကို တစ်ယောက်တည်း သိမ်းကျုံးယူငင်သွားခဲ့၏။

ငပလီမှ ပြန်ရောက်ချိန်တွင် ကျွန်တော်အရက်သောက်နှုံး တိုးလာပြီး အရက်မူးလျှင် ကျွန်တော်လုံးဝ အိပ်မပျော်တော့ပါ။ နွဲ့လည်းအကြောင်းအမျိုးမျိုးပြပြီး အပြင်သို့နေ့စဉ်လိုလို ထွက်နေတတ်သည်။ နွဲ့ကို ကျွန်တော်တစ်လုံးတစ်ပါဒမျှ ဝေဖန်ပြစ်တင်ခြင်းမပြုခဲ့။ နွဲ့ကလည်း သူမကိုယ်တိုင် သူမပြစ်မှုများ ကျုးလွန်နေသည်ဟု ယူဆခဲ့လိမ့်မည်မဟုတ်ပါ။

ထိုရက်များအတွင်း နွဲ့သည် ၀ံပုလွေနီနှင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော် ခန့်မှန်းမိ၏။ ထိုနာမည်မှာ ကျွန်တော်က ထိုသူကို ရည်ညွန်းသည့် လျှို့ဝှက်နာမည်သာဖြစ်ပါသည်။ ၀ံပုလွေနီ၏ အလုပ်အကိုင်မှာ ကြေးစားဂီတသမားဟုသာ ကျွန်တော် အကြမ်းဖျင်းသိထားပါသည်။ သူလက်ချောင်းများကတော့ သားသတ်သမားလို တုတ်ခိုင်ကြီးမားကြပါသည်။

ဝံပုလွေနီသည် ကျွန်တော်တို့ အိမ်သို့ စနေနေ့ညနေတိုင်း လာရောက်လေ့ရှိ၏။ ၀ံပုလွေနီလာရောက်မည့် နေ့တွင် ခါတိုင်းထက်ပို�ောစွးှင်ပျလန်းဆန်းနေတတ်သော နွဲ့ကို ကျွန်တော်မြင်ရလျှင် ကျွန်တော်သောက်မျိုထားသမျှ အရက်များ၊ောစးစ်နေတတ်သော စွမ်းရည်လျော့ပါးသွားသည်ဟု ထင်ရသည်။ ၀ံပုလွေနီက ကျွန်တော်နှင့်ရင်းနှီးရန် အရှက်မဲ့စွာ ကြိုးစားသဖြင့် ကျွန်တော်အနေရအထိုင်ရ ခက်မိပါသည်။

ယခုထက်တိုင် ၀ံပုလွေနီအပေါ် မုန်းတီးရွံရှာသည့် စိတ်ထားမျိုး မမွေးမြူနိုင်သည့်အတွက် ကျွန်တော်ကိုယ် ကျွန်တော် အံ့သြမိသည်။ ၀ံပုလွေနီသည် နွဲ့၏ ဘ၀အစိတ်အပိုင်းဖြစ်လာခြင်းအတွက် ကျွန်တော် ၀န်တိုစရာမရှိပါ။ ကျွန်တော်ကိုယ်တိုင် နွဲ့ဘ၀၏ အစိတ်အပိုင်းတစ်ခု ဖြစ်မနေခြင်းကိုသာ ယူကျုံးမရ ဖြစ်မိသည်။

ကျွန်တော်နှင့် နွဲ့တို့၏ ကွာဝေးမှုကို ၀ံပုလွေနီက အကျယ်ပြန့်အကြီးမားဆုံးအဆင့်သို့ တိုးမြှင့်ပေးလိုက်သောကြောင့်လည်း ကျွန်တော်ဝမ်းနည်းကြေကွဲရသည်။ ၀ံပုလွေနီ လာရောက်မည့်နေ့တိုင်းကျွန်တော် မျက်ရည်ကျမိတတ်သည်။ ကျွန်တော် မျက်ရည်များကို နွဲ့မမြင်စေရန် ကျွန်တော်သတိထားသည်။ ကျွန်တော်၏ နှလုံးသားကြေပဲ့အရည်ပျော်ခဲ့ရာ မျက်ရည်ပူတို့သည် နွဲ့အတွက်ပြုံးမဲ့စရာ မဖြစ်စေလိုပါ။

ကျွန်တော်၏ အလုပ်ဆီမှ ကျွန်တော်အလုပါခွင်သို့ ပြန်ဝင်ရန် နှိုးဆော်စာရောက်လာခဲ့သည်။ ထိုစာကို ကျွန်တော် အရက်ဆွတ်ဖျန်း�ီးရှို့ပစ်လိုက်ပါသည်။ ကျွန်တော်၏ အထက်အရာရှိ ကိုယ်တိုင် ကျွန်တော်ထံရောက်လာသသည်။ ကျွန်တော် အရက်မူးနေသည်ကို အထက်အရာရှိ ခေါင်းတခါခါနှင့် လှည့်ပြန်သွားသည်။

မကြာမီ ကျွန်တော်ထံသို့ အလုပ်မှ နှုတ်ထွတ်စာတင်ရန် အကြောင်းကြားစာ ရောက်လာပြန်ပသည်။ ကျွန်တော်စာရွက်ကို သွေးအေးအေးဖြင့် ဆုတ်ဖြဲပစ်လိုက်ပါသည်။ ကျွန်တော်ကိုအလုပ်မှ ခံစားခွင့်မဲ့ထုတ်ပယ်ကြောင်း စာရောက်လာချိန်တွင် ကျွန်တော်မည်သို့မျှ စိတ်လှုပ်ရှားခြင်း မဖြစ်မိခဲ့ပါ။

ဆုံးရှုံးနစ်နာမှုများက ကျွန်တော်ဘ၀ကို မီးတောက်များလို တစ်ခုပြီးတစ်ခု ဆင့်ကဲဆင့်ကဲ လောင်ကျွမ်းနေခဲ့ပါသည်။ လောင်ကျွမ်းမှုသည် အ၀ီစိမီးတောက်နှယ် ထာဝရ ရှင်သန်နေတော့မည်ဟု ထင်ရပါသည်။ ထိုမီးတောက်ထဲတွင် ကျွန်တော်၏ မာနတရားသည် ပြာကျသွားခဲ့၏။ ရမ၊ာက်တို့ အငွေ့ပျံ ထွက်သွားခဲ့ကြ၏။ ဆက်လက်အသက်ရှင်နေသမျှ ဆုံးရှုံးနစ်နာမှုများ တစ်ဆင့်တိုးပွားလာမည်ဟုလည်း ကျွန်တော် စိုးရိမ်ခံစားနေရသည်။

ဒံဏာရီတစ်ခုထဲက ၀န်တင်ကုလားအုပ်ကြီးတစ်ကောင်သည် ထမ်းပိုးထားရသော ၀န်စည်များကြောင့် နောက်ထပ်ကောက်ရိုးတစ်မျှင်ကိုပင် မသယ်ယူနိုင်တော့သလို ကျွန်တော်လည်း နောက်ဆုံး ဆုံးရှုံးနစ်နာမှု ဒဏ်ကို ခံစားနိုင်မည်မဟုတ်တော့ပါ။

လူတစ်ယောက်မှာ မာနမရှိ ရမ၊ာက်မရှိလျှင် ပျော်ရွှင်မှုလည်း မရှိတော့ဟု ကျွန်တော်ထင်ပါသည်။ ယခု ရည်မှန်းချက်များ တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့ပြီ မိမိကိုယ်မိမိ ယုံကြည်မှုကလည်း အဆိပ်မိနေပြီ။ ဖြေဆေးမရှိသော အဆိပ်မျိုးဟု ကျွန်တော်တထစ်ချ မှတ်ယူပါသည်။ ကျွန်တော်ကိုယ်ကျွန်တော် မယုံကြည်တော့သည်သာမဟုတ်။ မိမိကိုယ်မိမိ ပုတ်ဟောင်ဆွေးရိနေသော အရာတစ်ခုကဲ့သို့ စက်ဆုပ်ရွံရှာနေမိသေးသည်။ ၊ာ ဘ၀မျိုးကို ဘာကြောင့်ဆက်လက်ထိန်းသိမ်းထားရမှာလဲ။ အသက်ရှင်ရပ်တည်နေခြင်းသည် မိမိကိုယ်မိမိ ပြက်လုံးပြန်ထုတ်ပြီး ရယ်စရာ လုပ်နေခြင်းသာဖြစ်သည်။သက်ရှိလူသားတွေကြားမှာ လမ်းလျှောက်အလောင်းကောင်ကြီးအဖြစ် ဆက်လက်နေထိုင်ကြရန် ကျွန်တော်ငြီးငွေ့နေမိပါပြီ။


မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ပြီးနောက် စိတ်ကူးတစ်ရပ် ကျွန်တော့်ဦးခေါင်းထဲသို့ဝင်လာသည်။

မိမိကိုယ်မိမိ သတ်သေခြင်းနှင့် ပက်သက်သောစာပေများကို ကြိုတင်ပြင်ဆင်မှုအနေနှင့် ဖတ်ရူကြည့်ဖို့ဖြစ်၏။ လက်လမ်းမီသမျှ စာအုပ်အချို့ကို မည်သူမျှမသိအောင် တိတ်တဆိတ် ဖတ်ရှုခဲ့ပါသည်။

အထူးသဖြင့် အိပ်ချိန်၊ွအိပ်ကြပြီး တစ်အိမ်တည်းအတူနေသူ နွဲ့မသိဖို့ ကျွန်တော်ပိပိရိရိ ဂရုစိုက်ခဲ၏။ နွဲ့အိပ်မောကျနေချိန် နွဲ့အပြင်သို့သွားနေချိန် (၀ံပုလွေနီထံ ရောက်နေချိန်) တို့တွင် ကျွန်တော် အခန်းတခါးပိတ်�ျှို့လျှို့ဝှက်ဝှက် ဖတ်ရှုပါသည်။

ဂျပန်စာရေးဆရာ ယူုကိယုပီရှီမာ၏ ၀တုတစ်ပုဒ်ကဇာတ်ကောင်ကဲ့သို့ ကျွန်တော် စိတ်ခိုင်မည်မထင်ပါ။ စာအုပ်တစ်အုပ်တွင် ကိုယ့်ကိုယ်ကို သတ်သေချင်သူများသည် ဘာမှ မဟုတ်သော အသေးအဖွဲကိစ၊ကို အကြောင်းပြုလေ့ရှိသည်ဟု ရေးထားသဖြင့် ကျွန်တော် အခိုက်အတန့်အားဖြင့် တွေဝေငြိမ်သက်သွားမိပါသည်။

ကျွန်တော်၏ လိင်ခွန်အားကုန်ခန်းသွားခြင်းသည် အသေးအဖွဲလား၊ ကျွန်တော် ချစ်ခင်မြတ်နိုးသော ဇနီးက အခြားယောက်ျားတစ်ဦး၏ ရင်ခွင်ထဲမှာ ပျော်ပါးနေခြင်းကကော အသေးအဖွဲလား။ ဘ၀ရည်မှန်းချက် ကြီးမားပြိုလဲ ဆုံးရှုံးသွားခြင်းကကော အသေးအဖွဲလား။

ဂျာမန် ဒ��ဆရာကြီးတစ်ဦးက မိမိ၏ဘ၀ကို မိမိကိုယ်တိုင် အဆုံးသတ်ခြင်းသည် မိုက်မဲရူးသွပ်မှုဖြစ်သည်။ မိမိသေဆုံးသော်လည်း မိမိကဲ့သို့ လူသားတွေ နေရာအနှံမှာ ပေါက်ဖွားနေကြသည်သာဖြစ်�ိမိ၏ လုပ်ရက်သည် အောင်မြင်မှုမရှိနိုင်ဟု ကောက်ချက်ဆွဲပုံကိုလည်း ကျွန်တော်ဖတ်ရှုမှတ်သားမိ၏။


စာအုပ်တစ်အုပ်တွင် လူတစ်ယောက်က အခြားလူတစ်ယောက်က သတ်လျှင် တစ်ယောက်သာ သေရသည်။ လူတစ်ယောက်ကိုယ့်ကိုကို ပြန်သတ်လျှင် တစ်ကမǭလုံး သေရာရောက်သည်ဟု ရေးထားသေးသည်။

ကျွန်တော် ပြုံးမိပါသည်။ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းကို အကောင်းဘက်မှ ရှုမြင်ဖော်ထုတ်သော စာပေမျိုးကို ကျွန်တော်ရှာဖွေ�တွ့မိပါ။ ဂျပန်ဝတုပုံပြင်များတွင် မိမိကိုယ်မိမိ သတ်သေကြသော ဇာတ်လမ်းများကို အသားပေးရေးသားထားကြသော်လည်း သူတို့သတ်သေကြပုံက မိမိ၏ ဂုဏ်သိက၊ာကို ကာကွယ်မြှင့်တင်သည့် အဓိပܭယ်သက်ရောက်သည်။ နွဲ့ကြောင့် ကျွန်တော်အရှက်ရသည်ဟု ]]အသက်}} ကို ]]အရှက်}} နှင့် ဖလှယ်ကြခြင်းဖြစ်သည်။

ယနေ့ထိ ကျွန်တော်မယူဆပါ။ ၀ံပုလွေနီ၏ ရင်ခွင်ထဲသို့ နွဲ့တိုးဝင်သွားခြင်းသည် ကျွန်တော်ကြောင့်သာဖြစ်သည်။ ကျွန်တော် ရှက်ရွံခြင်းမရှိဟုတော့ မဆိုလို။ ရှက်ရွံခြင်းထက် မိမိကိုယ်မိမိ စက်ဆုပ်ခြင်းက အဆများစွာ ပိုသည်။ နွဲ့ကို မသတီစရာအဖြင့် ကျွန်တော်သဘောမထား ကိုယ့်ဘ၀ကိုယ်သာလျှင် မသတီခြင်း ဖြစ်ပါသည်။

ကျွန်တော်၏ ဂုဏ်သိက၊ာကို ကာကွယ်မြှင့်တင်သည့် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ခြင်းမဟုတ်။ အနှစ်မဲ့ ၀တ်လစ်စလစ်ဘ၀ကို ရွံရှာလာပြီး ကြေကွဲပူဆွေးမှုအသစ်များ ထပ်မံမရရှိလိုတော့သဖြင့် ရပ်တန်းက ရပ်ပြစ်လိုခြင်းသာ ဖြစ်သည်။

ကျွန်တော်၏ ဆုံးဖြတ်ချက် ယထာဘူတကျသည်ဟု ယုံကြည်မိပါသည်။ (၃၂) နှစ်နီးပါးရှိသော ကျွန်တော်၏ သတ်တန်းတစ်လျှောက်တွင် ဆုလာဘ်များ အကြိမ်ကြိမ်ရရှိခဲ့ပါသည်။ နောက်ဆုံးရရှိချဲ့သော ဆုလာဘ်မှာ နွဲ့ဖြစ်နိုင်ပါသည်။ ကျွန်တော့်ဘ၀တွင် အကောင်းမွန်ဆုံးနှင့် နောက်ဆုံးအနŤမ ဆုလာဘ်ကို လာမည့်မိနစ်အနည်းငယ်အတွင်းရရှိပါတော့မည်။

ယင်းမှာ သေခြင်းပင်ဖြစ်ပါသည်။ တမလွန်ဘ၀အကြောင်း ကျွန်တော် များစွာမသိ။ ထိုကြောင့်တမလွန်အကြောင်း လေးလေးနက်နက် မစဉ်းစားခဲ့ဘူးပါ။ အမှန်ဝန်ခံရလျှင် ပုစ䭷စ်ပုဒ် ဖြစ်နိုင်သည်။ ထိုပုစ䭜 အဖြေမှာ သေခြင်းဟူသော တိကျသည့် အမှန်တရား ဖြစ်နိုင်ပါသည်။

ကျွန်တော်သေလွန်ပြီးနောက် နွဲ့အပါအ၀င် ကျွန်တော်နှင့် သိကျွမ်းသူများရော၊ သူစိမ်းအချို့အတွက်ပါ ပုစ䭷စ်ပုဒ် ချန်ထားရစ်လိုသည်။ ထိုပုစ䭜 အဖြေကို ကျွန်တော်မသိ။ ကျန်လူများလည်း အဖြေရှာနိုင်မည်မဟုတ်ဟု ထင်သည်။ ထိုပုစ䭵ို ဖန်တီးရန် ကျွန်တော်ကို နှိုးဆော်လိုက်သော စိတ်ကူးသည် ကောင်းကင်မှကျလာသလား၊ အ၀ီစိမှ တက်လာသလား၊ ကျွန်တော်မတွေးတတ်ပါ။ မည်သို့ဖြစ်စေ ပုစ䭱န်သော လူ့ဘ၀တစ်ခု အဆုံးသတ်ခြင်းနှင့်အတူ နောက်ထပ် ပုစ䭷စ်ပုဒ်ကို ပေါ်ထွက်လာအောင် ဖန်တီးခွင့်ရသဖြင့် ကျွန်တော် ကျေနပ်ပါသည်။

မိမိကိုယ်မိမိ သတ်သေဖို့ ဆုံးဖြတ်ပြီးနောက် ကျွန်တော် အနေအထိုင် အပြောအဆို မူမပျက်အောင် သတိကြီးစွာ ထားခဲ့၏။ နွဲ့ရှေ့မှာ စကားမှားမှာစိုး�ရက်ကိုပင် ကျွန်တော်ခါတိုင်းထက် လျော့သောက်၏။ ၀ံပုလွေနီနှင့် တွေ့လျှင်လည်း ခါတိုင်းလိုပင် ဆက်ဆံပြောဆို၏။ မိဘဆွေမျိုးသားချင်းများ အသိမိတ်ဆွေများနှင့် ဆက်ဆံရာတွင်လည်း ပုံမှန်ကျန်းမာရေး ပုံမှန်စိတ်ထားမျိုး ရှိနေဆဲဟု အထင်ခံရအောင် ကျွန်တော်ဂရုပြု၏။

ကိုယ့်ဘ၀ကိုယ် အဆုံးသတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ပြီးနောက် အိမ်မှထွက်ခွာရန် သုံးလနီးပါး ကျွန်တော် အချိန်ယူခဲ့သည်။ ထိုကာလအတွင်း မိမိ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်တစ်ကြိမ်တစ်ခါမျှပင် ကျွန်တော်မတွေးခဲ့ပါ။ အကျဉ်းထောင်ကြိုးတိုက်ထဲမှ သေဒဏ်ကျ အကျဉ်းသားတစ်ဦးကဲ့သို့ သေဆုံးမည့်ရက်ကို စောင့်စားပူပင်ခြင်းမျိုးလည်း ကျွန်တော်ရင်ထဲမှာ မရှိခဲ့ပါ။ သို့သော် တစ်ခါတစ်ရံတွင်မှု သေမင်း၏ ခြေသံကို ကြားယောင်မိသည်ဟု ထင်ပါသည်။

အိမ်မှ ထွက်ခွာခါနီးအထိ ကျွန်တော်သည် ပြင်ဆင်မှု ဟုတ်တိပတ်တိ မပြုလုပ်ခဲ့ပေ။ နွဲ့နှင့်တကွ ကျွန်တော်နှင့် ပက်သက်သူဟူသရွေ့ ကျွန်တော် အိမ်မှထွက်ခွာသွားခြင်းကို ချက်ချင်းမသိဖို့ လိုအပ်သည်။ အပြင်သို့ သွားရိုးသွားစဉ်ပုံစဉ်ဖြင့် အိမ်မှကျွန်တော် ထွက်ခွာသွားရပေမည်။

ကျွန်တော်ကို လုံးဝသိကျွမ်းမှုမရှိသော သူများ နေထိုင်ရာ ဝေးလံသောဒေသတစ်ခုသို့ အမြန်ဆုံးရောက်အောင် သွားရလိမ့်မည်။ ဒေသစိမ်းသို့ရောက်လျှင် လူနေအိမ်ခြေနှင့်ဝေးရာ အထီးကျန်နေရာတစ်ခုကို ရှာရမည်။ ထိုနေရာ၊တော်၏ ဘ၀ကို တစ်ကိုယ်တော်တည်း တိတ်တိတ်ဆိတ်ဆိတ် အဆုံးသတ်စေရမည်။

ကျွန်တော်သေဆုံးပြီးနောက် ကျွန်တော့်ရုပ်အလောင်းကို တွေ့ရှိလေ့လာသူများသည် သူစိမ်းပြင်ပြင်များသာ ဖြစ်ကြပေလိမ့်မည်။ သူတို့သည် မူလရုပ်ကို ခန့်မှန်းမရလောက်အောင် ပျက်စီးနေသော လူသေအလောင်းအတွက် ပြုလုပ်ဆောင်ရွက်သင့်သည်တို့ကို ၀တ်ကျေတန်ကျေမျှသာ ပြုလုပ်ကြပေလိမ့်မည်။

ကျွန်တော်သည် ဘယ်သူဘယ်ဝါ ဖြစ်မှန်းစုံစမ်းစပ်စုလိုသူအချို့ရှိကောင်းရှိမည်။ သို့သော် ထိုသူတို့၏ စပ်စုလိုစိတ်သည် ကျွန်တော် ဘယ်သူဘယ်ဝါမှန်းသိလာနိုင်သည်အထိ ပြင်းထန်တက်<ကလိမ့်မည်မဟုတ်။ သူတို့က ကျွန်တော်ကို အမြန်ဆုံး မြေမြှုပ်သညဂိုလ်ပစ်လိုက်ကြပေလိမ့်မည်။

၊င့် ကျွန်တော်သည် သူတို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ပုစ䭷စ်ပုဒ် ဖြစ်နေပေလိမ့်မည်။

ကမǭမြေကြီး၏ မျက်နှာပြင်ပေါ်မှ ကျွန်တော် ပျောက်ကွယ်သွားချိန်တွင် နွဲ့နှင့်အတူ ကျွန်တော်နှင့် ဆက်နွယ်ရာ လူတိုင်းသည် ပုစ䭷စ်ပုဒ်ကို ရင်ဆိုင်ရပေတော့မည်။ ကျွန်တော်ဘာဖြစ်မှန်း သူတို့ မသိသမျှ ကာလပတ်လုံး ကျွန်တော်ဖန်တီးလိုက်သော ပုစ䭜 ကွန်ရက်ထဲမှ သူတို့ ရုန်းထွက်နိုင်ကြတော့မည်မဟုတ်။ သူတို့သည် ပုစ䭵ိုသူတို့၏ သချ؋င်းအုတ်ဂူထဲသို့တိုင် ယူဆောင်သွားကြလိမ့်မည်။

နွဲ့နှင့်ဝံပုလွေနီတို့အတွက် ကျွန်တော်သည် တစေ䷰်ကောင်ဖြစ်လာနိုင်ပါသည်။ သူတို့၏ အိမ်မက်ဆိုးများထဲတွင် ကျွန်တော်သည် အဓိက ဇာတ်ဆောင်ကြီး တစ်ဦးဖြစ်လာမှာတော့ မုချဆတ်ဆတ် သေချာလှပါသည်။

ယခုအခါ ကျွန်တော်၏ အစီအစဉ်အောင်မြင်ပြီဟု ဆိုနိုင်လုဆဲဆဲ အခြေအနေသို့ ဆိုက်ရောက်နေပါပြီ။ ကျွန်တော်သည် ပဲခူးရိုးမတောင်ခြေအနီးမှ လူသူဆိတ်သုဉ်းသော ဘုန်းတော်ကြီးကျောင်း တစ်ဆောင်အတွင်းမှာ ရောက်ရှိနေခဲ့ပါပြီ။ ၊ပစ်ခံ လျှို့ဝှက်အဆောက်အအုံထဲသို့ ကျွန်တော်ရောက်နေမှန်း မည်သူမျှမသိနိုင်ပါ။ နွဲ့သည် ကျွန်တော်နှင့် မိုင် ၂၁၀ ကျော် ကွာဝေးရာအရပ်မှာ ရှိနေပါသည်။ တကယ်တမ်း ကွာဝေးမှုက မိုင်ပေါင်းကုဋေနှင့်ချီ�ောစှးိနေပါလိမ့်မည်။ မိနစ်ပိုင်းအတွင်း သူမနှင့် ကျွန်တော်သည် ရေတွက်�ောစးနိုင်ဖွယ်မရှိသော ကွာဝေးမှုမျိုးဖြင့် ကွာဝေးသွားကြရပါတော့မည်။

သူတစ်ယောက်တည်းနှင့်သာမဟုတ်။ အားလုံးနှင့် ကွာဝေးရတော့မှာဖြစ်သည်။ တမ်းတကြေကွဲမှု မခံစားရသည့်ပြင် ကျွန်တောစိတ်နှလုံးကြည်လင်ပေါ့ပါးနေသလိုပင် ခံစားနေရသေး၏။ လွန်ခဲ့သောသုံးရက်အတွင်း နွဲ့တို့တစ်တွေ ကျွန်တော်ကို ရှာပုံတော်ဖွင့်နေကြသည့် မြင်ကွင်းကို ခန့်မှန်းကြည့်ပြီး ကျွန်တော်ပြုံးချင်လာသည်။ ကျွန်တော့်အတွက် ပူပုံပန်းသလို ဟန်ဆောင်နေမည့် နွဲ့ရုပ်လွှာကိုလည်း ကျွန်တော်မြင်ယောင်ကြည့်သည်။ ကျွန်တော်အတွက် အစစ်အမှန်ဆောက်တည်ရာမရဖြစ်နေကြမည့် မိဘဆွေမျိုးများကိုလည်း ကျွန်တော်သတိရသည်။ သူတို့၏ စိတ်ချမ်းသာမှုက်ု ကျွန်တော် မဆောင်ကြဉ်းပေးနိုင်တော့သဖြင့်လည်း ကျွန်တော် စိတ်ထိခိုက်ပါသည်။ အသက်ရှင်နေသေးသည့်တိုင် ကျွန်တော်နှင့် ရောက်ရှိလာသူအားလုံးတို့ မည်သို့ပက်သက်ခြင်း မရှိတော့ဟု ကျွန်တော်အခိုင်အမာ ယုံကြည်ပါသည်။ ကျွန်တော်နှင့်ပက်သက်သူမှာ မရဏ ရှင်သေမင်းတစ်ဦးတည်းသာလျှင် ဖြစ်ပါသည်။

ကျွန်တော်သည် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်မိပြန်သည်။ ကျွန်တော် သတ်မှတ်ထားသာည့်(၆) နာရီထိုးရန် (၁၀) မိနစ်နီးပါး လိုသေးသည်။

လွယ်ထားသော ပတူဖျင်စအိတ်ကိုဖွင့်�ပည်မြို့ရှိ လယ်ယာသုံး ကုန်ပစ၊ဆိုင်မှ ၀ယ်ယူလာခဲ့သော ပစ၊ကို ထုတ်ယူလိုက်သည်။ (၁၀) တောင်ရှည်လျားသည့် သုံးပင်လိမ်လျှော်ကြိုး တစ်ချောင်းဖြစ်သည်။ လျှော်နံ့သင်းပြီး ဖွေးလဲ့နုအိသော ကြိုးခွေကလေးက ကျွန်တော့်လက်ချောင်းများထဲတွင် ငြိမ်ဝပ်သောေ>မဖြူတစ်ကောင်လိုပါလာသည်။ ယင်းသည် ကျွန်တော့်ကို တမလွန်သို့ ပို့ဆောင်ပေးမည့် ယာဉ်ရထားပါတကား။

တစ်စုံတစ်ယောက်၏ တိုးတိုးသဲ့သဲ့ ငြီးတွားသံက ကျွန်တော့်နားများထဲသို့ တရွှေ့ရွှေ့ စီးဝင်လာချိန်တွင် ကျွန်တော်သည် ကျောင်းပျက်ကြီးအပေါ်မှ ခိုင်ခံ့သော သစ်သားဆင့်တန်းတစ်ချောင်း၊်ကြိုးတစ်ဘက်စွန်းကို မိမိရရ ချည်နှောင်လျှက်ရှိပါသည်။ ကြားစတုန်းက ညည်းတွားသံကို လေတိုးသံဟု ကျွန်တော်အံသြတုန်လှုပါသွားမိသည်။ စောစောက စစ်တုရင်သမားတစ်ဦး၏ တည်ငြိမ်မှုမျိုးရှိနေခဲ့သူ ကျွန်တော်မှာ ရုတ်တရက် ဗလောင်ဆူလှုပ်ရှား သွားရပါသည်။

ကြိုးကို ဆက်မချည်ဘဲ ရပ်ပစလိုက်ပြီး အသံလာရာသို့ နားစွင့်ကြည့်သည်။ လူတစ်ယောက်သည် ဝေဒနာတစ်ခုခုကြောင့် ညဉ်းတွားနေမှန်း ကျွန်တော်ယုံကြည်လိုက်ပါပြီ။ အခြားလူတစ်သာ ကျွန်တော့်နေရာမှာရှိခဲ့လျှင် ကြားရသောအသံကြောင့် တစေ䡪ခာက်ခံရသည်ထင်ပြီး ကြောင်လန့်သွားနိုင်သည်။ ကျွန်တော်မှာ မကြောက်လန့်ဘဲ စိတ်အနှေင့်အယှက်ကြီးစွာ ခံစားလိုက်ရပါသည်။ မီးခံသေတ孺ွင့်နေဆဲ အိမ်ရှင်၏ခြေသံကိုကြားရသည့် သူခိုးတစ်ဦးပင် ကျွန်တော့်လောက် စိတ်ပျက်ရင်ပူသွားလိမ့်မည် မဟုတ်ပါ။

ကျွန်တော်သည် သစ်သားဆင့်တန်းများကို ကျော်လွှားပြီး အပေါ်သို့တက်ခဲ့စဉ်က အသုံးပြုခဲ့သော လှေကားပြက်ကြီးရှိရာသို့ လာခဲ့၏။ လှေကားက လက်ရန်းမရှိတော့သည့် အုတ်လှေကားဖြစ်သည်။ လှေကားထစ်တိုင်းတွင် လင်းနို့ချေးတွေက သရွက်ကိုင်ထားသလို တွယ်ကပ်နေကြသည်။ လှေကားပေါ်မှ ဖြေးဖြေးချင်းဆင်းလာခဲ့စဉ် ညည်းတွားနေသူကို မည်သို့ရှောင်တိမ်းရမည်ကို ကျွန်တော်အပြင်းအထန် စဉ်းစားသည်။ သူကကျွန်တော့်ကို တွေ့မြင်ပြီးခဲ့လားဆိုသည်ကိုလည်း ကျွန်တော်သံသယ၀င်မိ၏။

ကျွန်တော်ကြိုးချည်နေခဲ့သည့် နေရာနှင့် ညည်းတွားသံပေါ်ထွက်နေသော နေရာကို အုပ်နံရံတစ်ချပ်က တားဆီးထားပါသည်။ နံရံတစ်ဘက်မှ လူတစ်ယောက်သည် ကျွန်တော်ကိုမည်သည့် နည်းနှင့်မျှ မတွေ့မြင်နိုင်ပါ။ ကျွန်တော်ကို မြင်တွေ့နိုင်ရန် သူသည် လှေကားခြေရင်းသို့ နံရံကိုကွေ့ပတ်�ဘမ ။> ရောက်လာရပါမည်။ ကြိုးချည်နေစဉ်က လှေကားခြေရင်းဆီသို့ ကျွန်တော်မျက်လုံး ကစားမိခဲ့သည်ကို အမှတ်ရလာသည်။ မည်သို့သော အရိပ်အရောင် လှုပ်ရှားမှုမျှမရှိခဲ့ပါ။

အံသြစိတ်က အဖြေကိုဝေခွဲမရအောင် ကျွန်တော်အသိကို တုပ်နှောင်ထားသည်။ ၊့ လူနာစွန့်အပစ်ခံ အထီးကျန်နေရာသို့ ယခုလို နေ၀င်ရီတရော ကာလမျိုးတွင် မည်သို့သော လူမျိုးသည် မည်သို့သော စိတ်ကူးမျိုးဖြင့် လာရောက်ညည်းတွားနေမှန်း ကျွန်တော်နားမလည်နိုင်ချေ။

ကျွန်တော်က ၀ိညာဉ်လောကကို ယုံကြည်ခဲ့ပါလျှင် ညည်းတွားသံသည် လူတစ်ဦးတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း မဟုတ်၊ နာနာဘာဝ မိစ䭴သံဟုတွေးမိမှာ သေချာသည်။ ကျွန်တော်ကြားနေရသော အသံသည် ထင်ယောင်ဝိုးဝါး ဖြစ်စေတတ်သည့် နာမ်ပိုင်းဆိုင်ရာ လှုံဆော်မှုမျိုးမဟုတ်။ ကျွန်တော် မကြာခဏကြားဖူးခဲ့သော လူးသားစစ်စစ်တစ်ဦး၏ ဝေဒနာတုံပြန်သံသာ ဖြစ်သည်။

ပို�သချာအောင်ပြောရလျှင် အသံရှင်သည် အမျိုးသမီး ဖြစ်ပါသည်။ ငြိမ်သက်နေသော ကနŭရလိုနေရာမျိုး၏ တိတ်ဆိတ်မူကို မ၀ံ့မရဲ ထွင်းဖောက်နေသော အသံရှင်၏ လိင်ကိုပါ ရှင်းလင်းစွာ ခွဲခြားပေးခဲ့ပါသည်။ အမျိုးသမီးမှန်း သိရသဖြင့် ကျွန်တော်၏ အံ့သြစိတ်က ကျယ်ပြန့်လာပါသည်။ အမျိုးသမီးမှန်း သိရသဖြင့် ကျွန်တော်၏ အံ့သြစိတ်က ကျယ်ပြန့်လာပါသည်။

ကျွန်တော်သည် လှေကားတစ်ဝက်လောက်တွင်ရပ်ရင်း အသက်ပြင်းပြင်းရှူမိလျက်သား ဖြစ်နေပါသည်။ဘာဆက်လုပ်ရမှန်း မသိတော့အောင် ဆင်ခြင်စဉ်းစားမှုများ ရပ်ဆိုင်းသွားလိမ့်ဟု ထင်စရာ ဖြစ်နေပါသည်။ ကျွန်တော်က ရုပ်ထုကြီးကို မလှုပ်မယှက်ဖြစ်နေသော်လည်း ညည်းတွားသံက အဆက်မပြက် ပေါ်ထွက်လျှက်သာရှိ၏။

အရှိန်မှန်မှန် လည်ပတ်နေသော စက်တစ်လုံးလို အော်မြည်နေသည့် ညည်းတွားသံက ရုတ်တရက် ဆူးရှရှ ကျယ်လောင်လာချိန်တွင် ကျွန်တော်လှေကားမှ ဆင်းလာမိသည်။ အမည်ဖေါ်မရသော စိုးရိမ်စိတ်က ကျွန်တော်ကို ညည်းတွားပေါ်ထွက်ရာဆီသို့ တွန်းပိုနေပါသည်။ ပိုမိုကျယ်လောင်လာသည့် ညည်းတွားသံကလည်း ကျွန်တော်ကို ခေါ်ငင်နေသကဲ့သို့ ထင်ရသည်။ စောစောက သက်ရှိလူသားများနှင့် ကင်းကွာခြားနားနေခဲ့သူ ကျွန်တော်အား ညည်းတွားနေသော အမျိုးသမီးက ပြောင်းလဲစေခဲ့ပြီလား မသိပါ။ ကျွန်တော်သည် မိမိကိုယ်မိမိ မေ့လျော့သွားသည်။ ကျွန်တော်ကို လက်ငင်းကာလတွင် ချုပ်ကိုင်ထားသောအရာမှာ နံရံအခြားတစ်ဖက်မှ အမျိုးသမီးသာဖြစ်သည်။

ရဲတင်းသွက်လက်သော ခြေလှမ်းများဖြင့် ကျွန်တော်သည်နံရံတစ်ဖက်သို့ ကူးဝင်လိုက်ပါသည်။ တစ်ဖက်ခန်းထဲသို့ ၀င်လုဆဲဆဲနေရောင်ခြည်က တံခါးချက်များမရှိတော့သည့် ပြတင်းပေါက်ကိုဖြတ်�ီဖျော့ဖျော့ အလင်းအဖြစ် တိုးဝင်လျက်ရှိသည်။ ကျွန်တော်တွေ့မြင်လိုသော အရာအတွက် လုံလောက်သော အလင်းရောင်ရရှိနေပါသည်။

အမျိုးသမီးက ကျွန်တော်မျော်လင့်ထားသော ပုံသဏာန်မျိုး၊ အသက်အရွယ်မျိုး၊ အဆင်အပြင်မျိုးမဟုတ်။ အခန်းထောင့် အင်္ဂတေကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပုံထက် တောရိုင်းတိရိစ䭥်တစ်ကောင်မျိုးနှင့် ပို�နေပါသည်. ညည်းတွားမှုနှင့်အတူ အဆက်မပျက် လူးလွန့်နေသည့် မြင်ကွင်းက အကြည့်ရဆိုးလှပါသည်။

ပြောင်းဖူးမွှေးရေင် ဆံပင်အချို့ ဖုံးအုပ်နေသော ၀ါညစ်ညစ် ပိန်ချိုင့်ချိုင့်မျက်နှာက သူမ၏အသက် (၃၅)နှစ်အောက်ထက် မနည်းနိုင်ကြောင်း ဖော်ပြနေသည်။ မျက်စိစုံမှိတ်လျက် ရှေ့သွားများ စေ့ထားပြီး အံကြိတ်ထားသဖြင့် မူလမျက်နှာပုံပန်းကို ခန့်မှန်းမရသိတိုင် ကိုယ်ဆင်းရဲမှုဒဏ်ကို နှစ်နှင့်ချီ�ံစားရသော မျက်နှာမျိုးဟု ကျွန်တော်မှန်းဆမိပါသည်။ စုတ်ပြဲညစ်နွမ်းနေသောအကျРပိန်လှီလှသည့် ခန၊ာကိုယ်နှင့်စာလျှင် အဆမတန် ပွရောင်းနေသည်ဟု ထင်ရသည်။ ထိုအကျЯည် သူမ၏ အကျЛုတ်နိုင်ဟု ကျွန်တော်ပြောဝံ့ပါသည်။ ထို့အပြင် သူမ စတင်ဝတ်ဆင်အတည်းက ထိုအင်္ကျီကို တစ်ကြိမ်မျှပင် မလျှော်ဖွတ်ခဲ့ဟုလည်း ကျွန်တော်ဟောကိန်းထုတ်နိုင်ပါသည်။ မို့ဖောင်းနေသည့် ထဘီကလည်း အကгနည်းတူ စုပ်ပြတ်ညစ်ပတ်နေပြီး မူလအဆင်အသွေး ကွယ်ပျောက်နေပါသည်။

ကျွန်တော်နေထိုင် ကြီးပြင်းခဲ့ရာ မြို့တော်၏ လမ်းများပေါ်၊ခဏ တွေ့မြင်ဖူးသည့် အခြေအနေမဲ့ စိတ်မနှံသူ ရောဂါသည် တစ်ဦးနှင့် သွင်ပြင်ပုံဟန်မခြားသည့် အမျိုးသမီး တစ်ယောက်ကို ကျွန်တော် တွေ့မြင်နေရခြင်းသာဖြစ်ပါသည်။ ကွာခြားချက်မှာ ကျွန်တော်၏ ရှေ့မှောက်မှ အမျိုးသမီးသည် သူမ၏ ၀မ်းတွင်းမှ ရင်သွေးကို အကူအညီမဲ့ စွာဖြင့် ဆိတ်ငြိမ်ရာအရပ်တွင် တစ်ကိုယ်တည်း ပင်ပန်းဆင်းရဲစွာ မွေးထုတ်ဖို့ ကြိုးပမ်းနေခြင်းပင်ဖြစ်တော့ သည်။

အမျိုးသမီးသည် သူမအနီး၊ကြာင်ကြောင်ရပ်နေသူ လူစိမ်းတစ်ဦး ရောက်နေမှန်း သိပုံမရချေ။ သွားစေ့ထားသော ပါးစပ်သည် တဖြည်းဖြည်းချင်း ပွင့်လာပြီး ပါးစပ်ပေါက်ထက် ပိုကြီးသော အရာတစ်ခုကို အန်ထုတ်တော့မည့်နှယ် ဟထားပါသည်။ ထိုပါးစပ်ပေါက်ဆီမှ တိုတောင်းသော အော်ဟစ်သံတစ်ချက် ထွက်လာချိန်၊တော်ပထမဆုံး အကြိမ်ထိတ်လန့်သွားမိပါသည်။ ယောက်မှားတုန်လှုပ်စွာဖြင့် ကျွန်တော့်နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်မိပါသည်။ ယခု တဒင်္ဂ အချိန်အတွင်း ကျွန်တော်အသက်ရှုဖို့ မေ့လျော့ကောင်းမေ့လျော့နေပါလိမ့်မည်။

ကျွန်တော်ရှေ့မှ မြင်ကွင်းသည် အဆုံးစွန်သော မိုက်မဲရူးသွပ် မူတစ်ရပ် သို့မဟုတ် လူ့ဘ၀၏ အနိမ့်ကျဆုံး အနိဋ္ဌာရုံ အတွေ့အကြုံတစ်ရပ် ဖြစ်နိုင်သည်။ အသိအမြင် ရှုပ်ထွေးထိုင်မှိုင်းခြင်း၊ အမည်မဲ့စိုးရိမ်စိတ်တို့ လွှမ်းမိုးနေခြင်း၊ မောဟိုက်နွမ်းလျနေခြင်းတို့က ကျွန်တော်ကို မလှုပ်မယှက် ရပ်နေစေပါသည်။ မြင်တွေ့နေရသော အဖြစ်အပျက်ဆီမှ မျက်လုံးများကို စူးစိုက်ထားကြစေပါသည်။ ထို့ကြောင့်လည်း အော်ဟစ် ပြီးနောက် နှုတ်ခမ်းစေ့ပြီး ငြိမ်သက်သွားသည့် အမျိုးသမီး၏ ထဘီအောက်တွင် တစ်စုံတစ်ရာ လှုပ်ရှားနေပုံကို ကျွန်တော် ချက်ချင်း မြင်တွေ့နိုင်ခဲ့ခြင်းဖြစ်၏။ မြင်တွေ့လိုက်သည်နှင့် ကျွန်တော့်ဦးနှောက်ထဲသို့ ဥာဏ်အလင်းရောင် တိုးဝင်လာပါသည်။

ကျွန်တော်သည် အမျိုးသမီးအနီးသို့ တိုးကပ်�ိုင်ချလိုက်ပါသည်။ ကျွန်တော်ထိုင်ချလိုက်ချိန်တွင် အမျိုးသမီး၏ တစ်ချိန်လုံးမှိတ်ထားခဲ့သော မျက်လုံးများပွင့်လာကြသည်။ မျက်လုံးများပွင့်လာသော် လည်း ထိုမျက်လုံးများက ကျွန်တော်ကိုမြင်ပုံမရ။ သူမ၏ မျက်နှာအထက်ရှိ ကျောင်းပျက်ခေါင်မိုး ဆီသို့သာ ကျောက်ရုပ်တစ်ရုပ်မှ အသက်မဲ့မျက်လုံးများလို မျက်တောင်မခတ်ဘဲ ငေးကြည့်လျှက်ရှိ၏။ သူမ၏ စက၊ုအာရုံထဲသို့ ကျွန်တော်သံသယ ၀င်မိသည်။ သူမ၏ အကြည့်မှာ အသက်ဓာတ်လွန်စွာ နည်းပါးနေပါသည်။

"ဒီမှာ..ဒီမှာခင်ဗျားဘယ်မှာနေသလဲဟင်၊ ခင်ဗျား ဘယ်သူလဲ" ဟူသောမေးခွန်းသည် ကျွန်တော်ပါးစပ်ဆီသို့ မည်သို့ရောက်ရှိလာမှန်းမသိပါ။ ကျွန်တော်အသံကို ငါးကိုက်ပတ်လည်အတွင်း နားကောင်းသူတိုင်းကြားနိုင်ပါလိမ်မည်။ သို့သော် အမျိုးသမီးထံမှ မည်သည့်တုန့်ပြန်မှုမျိုးမျှ ထွက်ပေါ်မလာခဲပါ။ သူမသည် ရေထဲမှကုန်းပေါ်သို့ ရုတ်တရက်ရောက်ရှိလာသော ငါးတစ်ကောင်ကဲ့သို့ ပါးစပ်ဟ�သက်ပြင်းပြင်းရှူနေသည်။ မျက်လုံးတွေကလည်း ပိုက်မိသော ငါးတစ်ကောင်ကဲ့သို့ပင် ပြူးကျယ်ငြိမ်သက်နေဆဲဖြစ်၏။

"ခင်ဗျား.. ဘယ်ရွာကလဲ၊ ခင်ဗျားအိမ်ကို ကျွန်တော်သွားပြောပေးမယ်။ ကျွန်တော်ပြောတာတွေ ကြားရဲ့လား" ဟုမေးမြန်းရင်း ကျွန်တော်၏ လက်တစ်ဖက်က အမျိုးသမီး၏ ပခုံးတစ်ဖက်ကို ခပ်ဖွဖွ ဆုတ်ကိုင်နေမိပြန်သည်။

သူမ၏ မျက်နှာအမှုအရာက ပြောင်းလဲမှုမရှိ၊ နာကျင်မှု အရှိန်မပြေသေးသဖြင့် ကျွန်တော်ဆုပ်ကိုင်လိုက်သော အထိအတွေ့ ကို သူမခံစားနိုင်ပုံမရဟု ထင်ပါသည်။ စက၊ ဖြူရော်လျှက် ရှိကြသော နှုတ်ခမ်းများက သူမခံစားနေရသည့် ဝေဒနာ အတိုင်းအတာကို သတ်သေခံနေကြပါသည်။ ကျွန်တော်မျက်လုံးများက သူမ၏၀မ်းဗိုက်အောက်ဘက်သို့ စူးစိုက်မိပြန်၏။ ပြေလျော့နေသော ထဘီအောက်တွင် လှုပ်ရှားနေသည့်အရာက ၄င်းကို ဖုန်းအုပ်နေသည့် အ၀တ်ကို ရုန်းကန်ဖယ်ရှားနေသကဲ့သို့ အဆက်မပြက် လှုပ်နေပါသည်။ ဘာလုပ်သင့်သည်ကို ကျွန်တော်အပြေးအလွှား စဉ်းစားပါသည်။ ချက်ချင်း ကျွန်တော်စိတ်ဆုံးဖြတ်လိုက်ပါသည်။

"ဒီမှာ ...အစ်မကြီးစိတ်အေးအေးထားနော်၊ ဘာမှမပူနဲ့၊ အစ်မကြီးအိမ်ကို ကျွန်တော် သွားအကြောင်းကြားပေးမယ်၊ အစ်မကြီးဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာ ကျွန်တော့်ကိုပြောပါ"

ကျွန်တော်က စောစောလို ပခုံးကိုလှုပ်�ပြာလိုက်သည့်တိုင် အမျိုးသမီးက တုံပြန်မှုမရှိ။ မျက်လုံးအပြူးသားဖြင့် ပါးစပ်ကိုဟ�ရှူးရှူး အသက်ရှူနေသည်မှအပ သူမ၏ မျက်နှာထားက မပြောင်းလဲပါ။ အသက်ရှူသံ�ူမမှာ အသက်ရှင်နေသေးကြောင်း သိရှိနိုင်ခြင်းဖြစ်သည်။

အသက်ရှူသံသာမပေးလျှင် သူမ၏အနေအထားက လူသေတစ်ယောက်နှင့် ပို�နေပါသည်။ ခြေနှစ်ဖက်ကို အနည်းငယ်ကားလျှက် လက်နှစ်ဖက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဆန့်တန်းရင်း ပက်လက်ငြိမ်သက်နေပုံမှာ လက်ဝါးကပ်တိုင်ပေါ်မှ ပြစ်ဒဏ်ခံ အလောင်းတစ်လောင်းကဲ့သို့ ထင်စရာဖြစ်နေပါသည်။

အချိန်စက၊အနည်းငယ်မျှ အဆုံးရှူံးမခံနိုင်တော့သဖြင့် ကျွန်တော်သည် သူမကို ကူညီရန်ပြင်ဆင်လိုက်သည်။ ဒါကို သူမငြင်းဆန်မည်။ သို့တည်းမဟုတ် တစ်ခုခုတုံပြန်မည်ဟု ကျွန်တော်မျှော်လင့်ခဲ့၏။ သူမ၏အပါးမှာ လူးလွန့်နေသော လူသားအသစ်ကလေးကို ကျွန်တော်က ယူငင်လိုက်ရာ၊သူမ၏တုံပြန်မှုကို မတွေ့ရပါ။ သို့သော် သူမသေဆုံးနေပြီ မဟုတ်ပါ။ သူမအသက် ရှူဆဲသာဖြစ်ပါသည်။ အသက်ရှူသံကမူ ဖြည်းဖြည်းချင်း နှေးကွေးလာသည်ဟု ကျွန်တော်သတိထားမိ၏။

အမိ၏ ၀မ်းကြာတိုက်တွင် သနေ၊တည်ကြီးထွားလာပြီးနောက် အချိန်တန်သောအခါ ပြင်ပလောကသို့ ရောက်ရှိလာခါစ လူသားပေါက်စကလေးသည် ကျွန်တော့်လက်ချောင်းများကြားတွင် လူးလွန့်လှုပ်ရှားနေပါသည်။ ထိုလူသားအသစ်ကလေး (မိန်းကလေးတစ်ဦးဖြစ်နေခြင်းကြောင့် ကျွန်တော်ထူးဆန်းသော ၀မ်းနည်းမှုတစ်ရပ်ကို လျှပ်လက်သလိုခံစားရ၏) ကို ကျွန်တော်သည် ကျွန်တော်၏ အပေါ်ဖုံးတိုက်ပုံအကျеိုချွတ်�ောစးစ်ပတ်ထုပ်ပွေ့လိုက်စဉ် သူမသည်အသံသဲ့သဲ့ဖြင့် ကမǭမြေကို နှုတ်ခွန်းဆက်လိုက်ပါသည်။ ထို့နောက်သူမသည် စူးရှသောအသံ သေးသေးလေးဖြင့် ဒေါသတကြီး ငိုေ<ကးပါတော့သည်။

သူမ၏ ငိုေ<ကးသံသည် သူမ၏ မိခင်ခံစားရသမျှ ဆင်းရဲဒုက၊များနှင့် သူမ ရင်ဆိုင်တွေ့ ကြုံရတော့မည့် အခက်အခဲများအတွက် တိုင်တမ်းဟစ်ေ<ကးသည့်နှယ် စူးစူးဝါးဝါး တုန်ရင်နေပါသည်။

ကျွန်တေ