User:Sayanyeinchanaung

From Wikipedia, the free encyclopedia

Nyein Chan Aung

      1. ရာမညမြေမှ အထီးကျန် ဝိဉာဉ် ### (နေအာရုံ) ဆိုတာကမော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ယောက်ပေါ့ သူက ရန်ကုန်သားတစ်ယောက်ပါ မိဘတွေက ကွဲနေကြတာဆိုတော ရန်ကုန်မှာမနေချင်တာနဲ့ မုဒုံမှာရှိတဲ့အ ဒေါ်အိမ်မှာနေပြီးကျောင်းတက်တာပါ ။ မလမ GTC ကိုမုဒုံကနေ နေအာရုံလာရင် ဆိုင်ကယ်နဲ့ နာရီဝက်လောက်မောင်းရတယ် ဒီနေ့ နေအာရုံ တစ်ယောက် ဂျယ်တွေထောင် ရေမွှေးတွေဘာတွေဆွှတ်ပြီး အပြတ်ရှိုင်းနေတာ ပေါ့ ဘီရိုထဲကဒေါ်လေး မီးပူတိုက်ပေးထားတဲ့ ကျောင်းယူနီဖောင်းလေးကို သပ်သပ်ရပ်ရပ်လေး ဝတ် ဆိုင်ကယ်သော့လေးယူပြီး ကျောင်းသွားတော့ မယ်ပေါ့ ။ နေအာရုံ ရွာထဲကထွက်ပြီဆိုတာနဲ့ လမ်းမှာတွေ့တဲ့ မိန်းကလေးတော်တော်များ မကြည့်ဘဲမနေနိုင်ဘူး ရှင်းရှင်းပြောရရင်တော့ အရမ်းချောပြီး smart ကျတယ်ပေါ့ ကျောင်းမှာဆိုလဲ King့ မာနလဲအရမ်းကြီးတယ် မိဘတွေကလဲ ရန်ကုန်မှာဆို ကွဲနေကြပေမယ့် နှစ်ယောက်လုံးကသူဌေးတွေ ခုကျောင်းတက်တော့လဲ ပိုက်ဆံကိုရေလိုသုံး နိုင်အောင် နှစ်ယောက်လုံးက လစဉ်ထောက်ပံ့ပေး ထားတာ နေအာရုံတစ်ယောက် ဆိုင်ကယ်လေးမောင်းပြီး စိတ်ကူးထဲမှာ နွယ်လေး မျက်နှာဘဲမြင်ယောင်နေတယ် နွယ်လေး ဆိုတာက နေအာရုံတို့ကျောင်းရှေ့က ရွာလေးက ရွာသူတစ်ယောက်ပါ မွန်မလေးတွေချော တယ်ဆိုတာ အရင်က ကြားဘဲကြားဖူးတာ အခုမှ နွယ်လေးကိုမြင်လိုက်ရမှ သူလက်ခံသွားတာအသားအရည်က ဝင်းဝါပြီး Body အချိုးအဆစ်ကတော့ ပြောမနေနဲ့တော့ဗျာ မျက်နှာက မင်းသမီးနန္ဒာလှိုင်လို မဟာဆန်တဲ့မျက်နှာမျိုး နွယ်လေးနဲ့ကျွန်တော်နဲ့က လွန်ခဲ့တဲ့ နှစ်လလောက်က စတွေ့တာဗျ တွေ့ပုံက သိပ်တော့ ကဗျာမဆန်ဘူး ကျွန်တော်ကိုကျောင်းမှာဆို ကြိုက်တဲ့မိန်းက လေးတွေက အများကြီး အချောအလှတွေလဲများပါတယ် ဒါပေမယ့် ကျွန်တော် စိတ်မဝင်စားဘူး တစ်နေ့ ကျွန်တော်တို့ major က workshop လုပ်နေတာနဲ့ ညနေ ၃ နာရီလောက်မှပြီးတယ် ကျွန်တော် ဗိုက်ကလဲဆာတာနဲ့ ဖားအောက် လမ်းဝထိပ်က လက်ဖက်ရည်ဆိုင်မာ ထမင်းသုတ် ထိုင်စားနေတာပေါ့ အဲဒီအချိန် အကြော်ဗန်းလေးရွက်ပြီး ကောင်မလေး တစ်ယောက် အကြော်လိုက်ရောင်းနေတာပေါ့ အင်္ကျီလေးကဟောင်းဟောင်းနွမ်းနွမ်းလေး ထမီက ခပ်တိုတိုလေးဝတ်ထားတယ် ကျွန်တော်လဲ ဘာရယ်မဟုတ် လှမ်းခေါ်လိုက်တယ် ကောင်မလေးကကျွန် တော့ နားရောက်လာတော့ အားပါးပါး လှလိုက်တာ အကို ဘာအကြော်ယူမလဲ အဲတော့မှကျွန်တော် သတိရပြီး ဟုတ် ညီမ အစုံ ၅၀၀ ဖိုးလောက်ထည့်ပေးပါ ကောင်မလေးက အကြော်တွေကို သေချာ ရေထည့်ပြီး ကျွန်တော်လဲပိုက်ဆံပေးပြီး ကောင်မလေးထွက်သွားတဲ့အထိ မျက်စိတစ်ဆုံးကြည့်နေမိတယ် အဲဒီနေ့ကစပြီး ကျွန်တော်သူ့ကို စစွဲလမ်းသွားတာ နောက်တော့ ကောင်မလေးအကြောင်းကို စုံစမ်းကြည့်တော့ ပိုသနားပြီး ချစ်မိသွားတယ်ပေါ့ နွယ်လေးက အထည်ကြီးပျက်တဲ့ နွယ်မိဘတွေက အရင်ကဆို သူဌေးတွေတဲ့နွယ်လေး အဖေက လောင်းကစားတွေလုပ် နွယ်လေးလဲမွေးရော အိမ်လဲမီးလောင်စီးပွားတွေလဲ အကုန်ပျက်လုံးဝကိုမွဲသွားတာတဲ့ မိဘတွေက နွယ်လေးကိုဂြိုလ်ဆိုး ခိုက်တယ်ဆိုပြီး အပြစ်ပြောကြတယ်တဲ့ နွယ်လေးမှာ အကိုတစ်ယောက် အမတစ်ယောက်ရှိတယ် သူတို့ကိုတော့ ကျောင်းထားပြီး နွယ်လေး ကျတော့ ၅တန်းလောက်နဲ့ထွက်ခိုင်းပြီး အကြော်ရောင်းခို င်းတာတဲ့ အဲဒီအချိန်ကစပြီး ကျွန်တော်နွယ်လေးကိုစ ပြီးလိုက်တာပေါ့ နွယ်လေး အကြော်ရောင်းရင် ဘေးကကျွန်တော် စကားလိုက်ပြောတယ် ဒီလိုနဲ့အချိန်ေ တွကြာလာတော့ နွယ်လေးလဲကျွန်တော့ကို သံယောဇဉ်ဖြစ်လာတယ် နွယ်လေး ကျွန်တော့်ကိုချစ်နေပါပြီ ဒါပေမယ့် အဖြေမပေးသေးဘူး သူ့လိုအကြော်သည် မလေးကို ကျွန်တော် လှည့်စားပြီး ထားခဲ့မှာကြောက် လို့ထင်တယ် တဖြည်းဖြည်းနဲ့ ကျောင်းနားရောက်လာပြီ် ကျွန်တော့အတွေးတွေကိုလက်စသက်လိုက်ပြီး ကျွန်တော်တို့ကျောင်းနားက ဘုရားစီမောင်းသွားတယ် အဲဒီဘုရားမှာနွယ်လေးချိန်းထားတာ ကျွန်တော်ရင်တွေခုန်နေတယ် အဖြေပေးမလို့လား မသိဘူး ဘုရားရဲ့ စနေထောင့်လေးမှာပေါ့ "နွယ် ရောက်တာကြာပြီလား" "မကြာသေးပါဘူး အကို အကို့ကိုပြောစရာ ရှိလို့ပါ် နွယ် မြဝတီသွားရတော့မယ် "ဘာ ဘာလို့လဲ နွယ် "မေမေသွားခိုင်းတာ နွယ်လဲသွားချင်ပါတယ် ဒီမှာကအကြော်က သိပ်လဲရောင်း မကောင်းတော့ဘူး ဟိုမှာဆို တစ်လ နှစ်သိန်းလောက်တောင်ရတယ်တဲ့ နွယ်အလုပ်သွားလုပ်မလို့ပါ" အော် နွယ်ရယ် အရမ်းသနားသွားတယ် နွယ်လို ငယ်ငယ်ချောချောလှလှလေးက မြဝတီလိုနယ်စပ်မှာ အလုပ်သွားလုပ်မှာ ဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ ကျွန်တော်ချက်ချ င်းဘဲဆုံးဖြတ်ချ က်ချလိုက်တယ် "နွယ် လာ " "ဘယ်သွားမလို့လဲအကိ"ု "လာပါ နောက်တော့သိမှာပေါ"့ ကျွန်တော် နွယ့်ကိုခိုးပြေးလာတာပါ နွယ်အစကတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်နောက်တော့ သူလဲကျွန်တော့ကိ ချစ်နေတော့ စိတ်မဆိုးတော့ပါဘူး ကျွန်တော်တို့ ၂ယောက်အားလုံးကိုမေ့ပြီး အရမ်းကိုပျော်ခဲ့ကြပါတယ် ကျိုက္ခမီ စက်စဲလဲသွားတယ် ကျိုက်သလ္လံမှာ လဲဘဝဆက်တိုင်းဆုံပါ့ရစေလို့ ဆုတောင်းခဲ့ကြဖူးတယ် တစ်ပတ်လောက်ကြာ တော့ နွယ်ကို လူကြီးတွေနဲ့ပြန်အပ်ပြီး ကျွန်တော့်တို့နှစ်ယောက်အဒေါ့်အိ မ်မှာဘဲနေကြတယ် ကျွန်တော်ကတော့ကျောင်းဆက်တက်တယ် နွယ်ကတော့ အိမ်မှာဘဲ အိမ်မှုကိစ္စလေးေ တွလုပ်တာပေါ့ တစ်နေ့ကံဆိုးမိုးမှောင်ကျတဲညတစ်ည ကျွန်တော့်မော်လ မြိုင်ကမ်းနားလမ်းကနေ မုဒုံပြန်လာတဲ့ လမ်းမှာပေါ့ အဲနေ့ကကျွန်တော် T Shirt အနက်ရောင်လေးဝတ်ထားတယ် ကျွန်တော့ စိတ်ထဲမှာလဲ နွယ့်ကိုအရမ်းတွေ့ချင်တယ် အဲဒါနဲ့ဆိုင်ကယ် ကို မြန်မြန်လေး မောင်းလာလိုက်တာ အဖြစ်အပျက်ကမြန် ဆန်လွန်းတယ် လမ်းကွေ့တစ်နေရာမှာပေါ့ ကျွန်တော့ကို မဲမဲနဲ့အကာင်တစ်ကောင်က ဆိုင်ကယ်ပေါ်ကနေ လှမ်းတွန်းချလိုက်တယ် ဆိုင်ကယ်တခြား လူတခြားဖြစ်သွားတယ် ကျွန်တော်မထနိုင်တော့ဘူး ဒါပေမယ့်ကျွန်တော်သွားတယ် နွယ့်ဆီ အနောက်ကတယောက်ယောက်ဖမ်းဆွဲထားတယ် သွားလို့မရဘူး နွယ်ရေ ကို့ကို လာခေါ်ပါအုံးးး အကို. . . .! နွယ်အိပ်နေရင်း အကို့ ခေါ်သံတွေကြားနေရတယ် အကိုဆိုင်ကယ် accident နဲ့ ဆုံးသွားတာ ၁လလောက်ရှိပြီ နွယ်လဲစိတ်နဲ့လူနဲ့မကပ် အိပ်ယာထဲလဲနေတာ ကြာပြီ ညတိုင်းအကို့ခေါ်သံတွေ ဘဲကြားနေရတယ်အကို့ကိုလဲ အရမ်းသတိရတယ် အကိုနွယ့်ကိုခေါ်နေတာ တခုခုဖြစ်လို့ထင်တယ် ဆုံးသွားပြီးထဲက နွယ်ဆီလဲတခါမှ မလာဘူးနွယ်ကစောင့်နေတာ အကို့ကိုတွေ့ချင်လို့ နွယ်ဒီအတိုင်းအိ ပ်ယာထဲလဲနေလို့မဖြစ်ဘူး အကို့ကိုသွားရှာ ရမယ် ည ၇ နာရီ မုဒုံလမ်းမရဲ့ လမ်းကွေ့လေးတစ်ေ နရာ ဒီနေရာလေးကနာမည်ကြီဲးဆိုင်ကယ်တွေခနခန မှောက်တယ် နွယ် ဆိုင်ကယ်ပေါ်ကဆင်းပြီး လက်ထဲက အထုပ်လေးကို ဖြေပြီး လမ်းဘေးမှာ ပုံလိုက်တယ် ထမင်းနဲ့ အမဲသားပါ နင်တို့စားဖို့ယူလာတာ ငါ့ယောကျာ်းကိုငါခေါ်သွားမယ် ဘယ်သူမှတားဖို့မကြိုးစားနဲ့ ဒီမှာတွေ့လား လက်ထပ်စာချုပ် နေအာရုံကို ငါပိုင်တယ် သူ့ကိုငါ့ဆီပြောင်းပေးပါ နွယ်ဆိုတဲ့မိန်းမကဘာမှကိုမကြောက်တတ်တာ ကျွန်မဘဝမှာ ခါးသီးမှု ပင်ပန်းဆင်းရဲမှုတွေဘဲကြုံခဲ့ရတာ မိဘမေတ္တာ ဘာမှန်းမသိဘူး ကျွန်မ ၁၀ နှစ်သမီးလောက်ထဲ က မနက်နဲ့ညနေတွေဆို အကြော်ရောင်း နေ့ခင်းဆို ဖရဲသီးလှည့်ရောင်း ပြီး မိသားစုကို ကျွေးမွေးခဲ့တာ ကိုနဲ့တွေ့ခဲ့ပြီးမှ ကိုရဲ့မေတ္တာနဲ့ ကျွန်မဘဝရဲ့ဆင်းရဲမှုတွေ လွတ်ခဲ့တာ ကို့ကိုကျွန်မအရမ်းချစ်တယ် ကိုမရှိလို့မဖြစ်ဘူး ဘယ်ဘဝရောက်ရောက် ကိုနဲ့ဘဲအတူနေမယ် ကျွန်မဘဝက လမ်းဆုံးနေပါပြီ ခြံရှေ့ရောက်တော့ ကျွန်မခြံအပေါက်ဝမှာရပ်ပြီး "ငါခေါ်လာတာ အထဲဝင်ခွင့်ပေးလိုက်ပါ" ကျွန်မခြံစောင့်နတ်ကိုပြောခြင်းဖြစ်ပါတယ် ကိုအထဲဝင်လို့မရမှာဆိုးလို့လေ နောက်နေ့ညတွေ ကို့ကိုကျွန်မ မြင်ရပြီ ကိုနဲ့ လဲစကားတွေပြောတယ် ကိုကလဲပြန်ပြောတယ် ကျွန်မဘဝ အသစ်ကပြန်စသလိုပါဘဲ မျှော်လင့်ချက်တွေပြန်ရလာတယ် ညတစ်ညမှာပေါ့ ကျွန်မအိပ်နေတုံး ခြံပြင်မှာ ဆူညံသံတွေကြားလို့ လှမ်းကြည့်လိုက်တော့ အရိပ်မဲမဲတွေ ကျွန်မကိုလှမ်းခေါ်နေတယ် ကျွန်မမသွားဘူး အိပ်ယာထဲပြန်ဝင် ပြီးအိပ်လိုက်တယ် ဘုရားစာတော့မရွတ်ဘူးကို့ကိုစခေါ်လာထဲက ကျွန်မဘုရားစာမရွတ်တော့တာ ကိုအဆင်မပြေဖြစ်မှာဆိုးလို့ နောက်နေ့တွေ တဖြည်းဖြည်းကြာလာတော့ ကိုအဒေါ်ကနွယ့်ကို မကြည်ဖြူတော့ဘူး သူတို့မှန်ပါတယ် ကိုဆုံးတာ ၃လတောင်ရှိပြီ ကို ဒီအိမ်မှာ ရှိနေတာမှ သူတို့မှမသိတာ မသိဆို ကိုကလဲ အနေအထိုင်ပိရိတယ် ဘယ်သူကိုမှမခြော က်ဘူး ကို့အတွက် ထမင်းဟင်းကိုနွယ်က ညဘက်သူတို့ အိပ်ချိန်မှာကျွေးတာ ဘယ်သူ့မှလဲရိပ်မမိဘူး ကို့အဒေါ်ကတော့ ကိုသေတာ ကျွန်မကြောင့်တဲ့ ကျွန်မက စနေသမီး ဂြိုလ်ဆိုးလေ ဦးလေးကတော့ ကျွန်မကိုသနားလို့ ၆လလောက်တော့ ဆက်နေလို့ရတယ်လို့ပြောတယ် နောက်တနေ့မှာတော့ ကို့တူမလေးတစ်ယောက် အပြင်းဖျားတယ် ဆရာဝန်နဲ့လဲကုတာ မပျောက် ညဘက်တွေဆို ကိုယ်တွေခြစ်ခြစ်တောက် ပူလာရော အဲဒါနဲ့ အမှောင့်ပရောဂတွေကုတဲ့ ဘရသေ့တစ်ပါးကို အိမ်ဖိတ်ပြီး ကုတော့မှ အဲဒီတူမလေးဆီ မကောင်းဆိုးဝါးက ဝင်ပူးပြီးပြောတယ် "ငါ့လူပြန်ပေး ငါ့လူပြန်ပေး" တူမလေးဆီက ထွက်လာတဲ့ အသံသြသြကြီးကြောင့် တစ်အိမ်လုံးလန့် သွားကြတယ် "မင်းကဘယ်သူလဲ"့ "ငါဘယ်သူလဲအရေးမ ကြီဘူးငါ့လူသာပြန်ပေး" "မင်းလူကဘယ်မှာလ"ဲ "ဒီအိမ်မှာရှိတယ"် "နာမည်ဘယ်လိုခေါ်လ"ဲ "နေအာရုံ.. . " အဲဒီအချိန်မှာ အားလုံးလန့်သွားသလို ကျွန်မလဲလန့်သွားတယ် ဟင့်အင်း ကို့ကိုပြန်မပေးနိုင်ဘူး ကျွန်မ ဘရသေ့ဆီ သွားပြီး လက်အုပ်လေးချီပြီး "အဘ ပြန်မပေးလိုက်ပါနဲ့ သမီးတောင်းပန်ပါ တယ် သူတို့ကကို့ ကိုနှိပ်စက်မှာ ပြန်မပေးပါနဲ့နော် သမီးတောင်းပန်ပါတယ်အဘရယ် အဟင့် " အဲတော့မှ အားလုံးဇာတ်ရေလည်သွားကြတယ် ကျွန်မမျက်ရည်တွေလဲအကျီင်္တစ်ခုလုံးရွှဲလို့ ကျွန်မအရမ်းဝမ်းနဲတယ် ဒေါ်လေးကတော့ ကျွန်မကို မျက်ထောင့်နီကြီးနဲ့ ကြည့်လို့ ဦးလေးကတော့ဂရုဏာ မျက်ဝန်းနဲ့ပေါ့ နောက်တော့ ဘရသေ့နဲ့ မကောင်းဆိုးဝါး ဘယ်လိုညှိလိုက်ကြလဲ မသိဘူးမကောင်းဆိးဝါးလဲထွက်သွားတယ် နောက်နေ့ ဒေါ်လေးက ကျွန်မကိုမောင်း ထုတ်တယ် ဒီအိမ်မှာ ကျွန်မကိုမထားတော့ဘူးကို့ ကိုလဲသူတို့ မောင်းထုတ်လိုက်ကြတာ ထင်တယ်မတွေ့တော့ဘူး အရမ်းရက်စက်ကြတယ် အဲဒါနဲ့ ကျွန်မ အထုပ်လေးဆွဲပြီး အိမ်ပေါ်ကနေဆင်းလာရတာပေါ့ ကျွန်မဘယ်သွားရမလဲမသိဘူး မိဘအိမ် ကျွန်မကို ကြည်ဖြူမှာမဟုတ်ပါဘူး ကျွန်မ လမ်းမထက်မှာ တစ်ယောက်ထဲ ယောင်ချာချာဖြစ်နေတုံး ဟိုနေ့က ဘရသေ့နဲ့တွေ့တယ်ကို့ အကြောင်းမေးချင် တာနဲ့ ဘရသေ့ကို ဦးခိုက်ပြီး "သမီး ခင်ပွန်းအကြောင်းသိချင်လို့လား" ကျွန်မမျက်ရည်တွေအလိုလိုကျလာပြန်ပြီ ကျွန်မခေါင်းလေး ညိမ့်ပြလိုက်တော့ ဘရသေ့ကျွန်မခေါင်းလေးကို သပ်ပေးပြီး "သူ လုံခြုံတဲ့ နေရာရောက်သွားပါပြီ သူ့ကိုဘယ်သူမှအနိုင်မကျင့်တော့ပါဘူး သမီးသူ့ကိုထပ်မတွေ့ပါနဲ့တော့ သံယောဇဉ်ဖြတ်လိုက်ပါသမီး" ဘရသေ့ရဲ့တရားတွေအောက်မှာ ကျွန်မအသိတရားရလာပါပြီ ကို လုံခြုံတဲ့နေရာေ ရာက်သွားလို့ ကျွန်မ စိတ်ချပါပြီ. . . . . (၃ )နှစ်ကြာသော်. ... နွယ်အားလုံးကိုမေ့ပြီး မြဝတီမြို့လေးမှာ အလုပ်သွားလုပ်တာ ၃နှစ်ရှိပြီအခုမှ မုဒုံမြို့လေးကို ပြန်ရောက်လာတာ ရောက်ရောက်ချင်း မုဒုံမြို့ရဲ့ နာမည်ကြီး ဘုရား ကိုအရင်သွားဖူးဖြစ်တယ် ဘရသေ့က နွယ် မထွက်သွားခင်ပြောခဲ့တယ် "သမီး ခင်ပွန်း ကို ဆရာတော် တစ်ပါးစီ ခွင့်တောင်းပြီး အဲဒီဘုရားဝန်းရဲ့ ရုပ်ထုတစ်ခုထဲမှာ နေရာပေးထားတယ် 'တဲ့ နွယ် ဘုရားရောက်တော့ ဘုရားရှိခိုးပြီး ကို့အတွက်ရည်စူးပြီး အလှူငွေ ငါးသောင်းကျပ်တိတိ လှူဒါန်းခဲ့တယ် ဘဝတစ်ပါးရောက်သို့ရောက်ရှိသွားသော ကိုနေအာရုံအတွက် ဇနီးဖြစ်သူ မိနွယ်ချမ်း မှ အလှူ ငွေ . . . . . ဝမ်းမြောက်ဝမ်သာ သာဓုခေါ်ပါ. . ဒူ ဝေ ဝေ. . . ကြေးစည်သံ အဆုံးမှာတော့ သာဓု သာဓု သာဓု ဘုရားဝန်း အမှောင်ကျသော ဗုဒ္ဓဝင် ရုပ်ထုရဲ့ ဘီလူးရုပ်ထု တစ်ခုစီမှ ထွက်လာသော အသံပေါ့ ကျွန်တော့်ကို ဒီလာပို့တော့ဘရသေ့ မှာခဲ့ဖူးတယ် လူလေးဟာ လူ့ဘဝမှာ မကောင်းမှုတွေမလ ပ်ခဲ့သလို ကောင်းမှုတွေလဲမလုပ်ခဲ့ဘူး သေခါနီး ဇနီးကိုစိတ်ဆွဲလို့ ခုလိုဘဝမျိုးရောက်နေတာ ခုချိန်ကစပြီး ဒီမှာနေ လူလေးအတွက်လုံခြုံတယ် လမ်းပေါ်မှာဆို လူလေးကို စုန်း သဘတ် သရဲအကြီးစားတွေက ဖမ်းပြီး မကောင်းတာတွေ လုပ်ခိုင်းရင် လူလေးက အပယ်သွားရလိမ့်မယ် ဒီမှာနေပြီး ဆရာတော်ရဲ့ မေတ္တာကို ခံယူ ဘုရားဖူးတွေရဲ့ အလှူဒါနတွေကို သာဓု ခေါ် အချိန်ကျရင် လူလေး လွတ်ကျွတ်သွားလိမ့်မယ် နွယ်တစ်ယောက် ဘုရားဝင်းထဲ ဗုဒ္ဓဝင် ရုပ်ထုတွေကို လိုက်ကြည့်ရင်း တစ်နေရာ အရောက်ကြောက်စရာ ကောင်းအောင် ထုထားတဲ့ဘီလူးရုပ် ပန်းပုစရာက တော်ပါတယ် တကယ်အသက်ဝင်တယ် ဒါပေမယ့် နွယ်ဘာလို့ငိုချင်နေပါလိမ့် ကို ဒီထဲမှာများလားးး နွယ် ကျွန်တော့်ကိုစိုက်ကြည့်နေတယ် နွယ်မျက်ဝန်းထဲမှာမျက်ရည်တွေနဲ့ နွယ်.. . . .ချစ်ဇနီးလေးး ကိုအချိန်ကျပြီကိသွားရတော့မယ် နှုတ်ဆက်ခဲ့ပါတယ်နွယ်ရယ် နွယ်ကြည့်နေရင်းးး ဘီလူးရုပ်ထုထဲက အခိုးငွေ့အဖြူလေးတွေ ထွက်လာပြီးးးး ဘုရားဝန်းအပြင်ဘက်ကိုထွက်သွားတယ် အဲဒီအငွေ့လေးတွေနောက်ကို နွယ်ု လိုက်ကြည့်ရင်းးးး ဘုရားဝင်းအပြင်ဘ က်ရောက်တော့ နွယ်စိတ်တွေလန်း ဆန်းသွားတယ် နွယ်စိတ်တွေပိတ်လှောင်ခဲ့တာကြာရောပေါ့ တောတောင် သစ်ပင်တွေနဲ့စိမ်းလမ်းစိုပြေတဲ့ မုဒုံမြို့လေးပါလားးးး ကျေးဇူးတင်ပါတယ် ။