Jump to content

User:Sir Sitt

From Wikipedia, the free encyclopedia

https://www.physio-pedia.com/Introduction_to_Ankle_Foot_Orthoses

ခြေကျင်းဝတ်ထိမ်းကိရိယာ Ankle foot orthosis

' Ankle Foot Orthosis-AFOလို့ခေါ်တဲ့ခြေကျင်းဝတ်ထိမ်းကိရိယာဆိုသည်မှာ ခြေကျင်းဝတ် ခြေဖဝါး ခြေထောက်အောက်ပိုင်းဆိုင်ရာမှာရှိတဲ့ အရိုးအဆစ်တွေကို ပိုတည်ငြိမ်စေဖို့ ပုံပျက်ယွင်းမှုတွေ ပိုပြီးမဖြစ်စေဖို့ ၄င်းပုံပျက်ယွင်းမှုတွေ ကာကွယ်ပေးဖို့ လမ်းလျှောက်လျှင် ပိုမို သွက်လက်ပြီး ပုံသဏ္ဌန်မှန်မှန်လျှောက်လှမ်းနိုင်စေဖို့ အတွက် ညွှန်းဆိုပေးရသော ကိရိယာဖြစ်ပါသည်။ ထိုကိရိယာကို လိုအပ်ချက်အပေါ်မူတည်ပြီး ဒီဇိုင်းအမျိုးအမျိုး ကို ခြေတုလက်တုအားပြုပညာရှင်မှပြုလုပ်ပေးရပါသည်။ အာရုံကြောဆိုင်ရာရောဂါ လေဖြတ်ရောဂါ သူငယ်နာအကြောတင်းရောဂါ ခါးပိုင်းဆိုင်ရာထိခိုက်ရောဂါ စသည့်ရောဂါများကြောင့် ဖြစ်ပေါ်တတ်သော အခြေအနေများ မှာ ခြေကျင်းဝတ်ထိမ်း ကိရိယာ Ankle foot Orthosis AFO ကို သုံးစွဲရပါသည်။ အသုံးအစွဲများသော ခြေကျင်းဝ်ထိမ်းကိရိယာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ခြေကျင်းဝတ် အဆစ်မပါသော ကိရိယာ များသောအားဖြင့် ပုံသဏ္ဌန်ပျက်ယွင်းနေသော အနေအထားရှိသော ခြေကျင်းဝတ်နှင့်ခြေဖဝါးများအတွက် ပေးပါသည်။ ဥပမာ လေဖြတ်ခြင်းကြောင့်ရရှိလာသော အကျိုးဆက် ခြေကျင်းဝတ်အဆစ်ပါသော ကိရိယာ ခြေကျင်းဝတ်ကော့နိုင်ပေမယ် ပြန်မဆန့်နိုင်သော ဆန့်နိုင်ပေမယ် မကော့နိုင်သော အခြေအနေများမှာပေးပါသည်။ ထို့အပြင် ခြေကျင်းဝတ်အတွင်းအပြင်ထိမ်းရန်လိုသောအခြေအနေများမှာလည်း သုံးစွဲပါသည်။ ပျော့ပြောင်းသောခြေကျင်းဝတ်ထိမ်းကိရိယာ ၄င်းကိရိယာသည် ခြေကျင်းဝတ်ကော့ပေးသောအာရုံကြော ထိခိုက်ပျက်စီး သောကြောင့် ခြေထောက် တွဲလျောင်းကျနေသောအခြေအနေများမှာပေးပါသည်။ ၄င်းကိရိယာများကို မပေးမှီ သင့်လျော်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရပါသည်။ လူနာ၏ကျန်းမာရေးဆိုင်ရာရာဇဝင် များမေးမြန်းခြင်း ကနဦး ရောဂါဗေဒအခြေအနေများ လူနာ၏လတ်တလောရောဂါအခြေအနေ ၄င်း၏ လှုပ်ရှားနိုင်မှု အထောက်အပံ့ကင်းကင်း အခြေအနေစသည်များကို စမ်းသပ်စစ်ဆေးရပါသည်။ ထို့အပြင် အားပြုကိရိယာပေးရခြင်းရည်ရွယ်ချက်လိုအပ်ချက်တို့ကိုလည်တခါတည်းရှင်းပြပေးရပါသည်။ ထို့အပြင် လူနာ၏ ယောင်ရမ်းနေမှုအခြေအနေ ကြွက်သားများတောင့်တင်းသန်စွမ်းနိုင်မှု လှုပ်ရှားနိုင်မှု စသည့်အခြေအနေများကို စမ်သပ်စစ်ဆေးမှုများပြုလုပ်ရပါသည်။ တိုင်းတာခြင်း ပြုလုပ်မည့်ခြေထောက် အခြေအနေကိုကြည့်၍ ခြေဖဝါးအရှည် ခြေဖဝါးအကျယ် ခြေကျင်းဝတ် အထက် ခြေမျက်စိ၂ခုကြားအကျယ် ခြေကျင်းဝတ်၏လုံးပတ် စသည်များကို တိုင်းတာရပါသည်။

၄င်းနောက် ‌ခြေကျင်းဝတ်ထိမ်းကိရိယာအတွက် plaster of paris-POP bandageဖြင့် ပုံစံယူcasting ရပါသည်။

ထို့နောက် ရရှိလာသော မိုလ်ကို POP powderများ အရည်ဖျော်ပြီးလောင်းထည့်ပါသည်။ ၄◌င်းနောက် လိုအပ်သော အတိုင်းအတာများကို ကြည့်ကာ သင့်တော်သော ဖြည့်စွက်ချက်များနှင့်အတူ ၄◌င်းမိုလ်ကို ပလတ်စတစ်ဖြင့် လောင်းရပါသည်။

နောက်ဆုံးမှာတော့ လိုအပ်သော ကိရိယာကိုရရှိလာမှာဖြစ်ပါသည်။

ခြေကျင်းဝတ်ထိမ်းကိရိယာ ကနဦး တပ်ဆင်ခြင်းfitting with AFO

ပထမဦးစွာ ရရှိလာသော ကိရိယာကို လူနာဖြင့် တပ်ဆင်ကြည့်ရပါသည်။ လိုအပ်သော တိုင်းတာမှုများထပ်မံပြုလုပ်ကာ ၄င်းကိရိယာ အား တပ်ဆင်ပြီး လူနာလမ်းလျှောက်နိုင်လျှင် လမ်းလျှောက်ခြင်းပြုလုပ်ရပါသည်။

ထိုမှတဆင့် လမ်းလျှောက်ခြင်းမှန် မမှန် စစ်ဆေးရပါမည်။ လိုအပ်လျှင် ထပ်မံပြီး သင့်လျော်သော ပြင်ဆင်မှုများပြုလုပ်ကာ အကြိမ်ကြိမ် စစ်ဆေးရပါမည်။

နောက်ဆုံးမှာတော့ လူနာအတွက် အမှန်တကယ်လိုအပ်သော ကိရိယာ ကိုရရှိမည်ဖြစ်ပါသည်။

တပ်ဆင်ပေးလိုက်သော လူနာကို ၃လတစ်ကြိမ် သို့မဟုတ် ၄လတစ်ကြိမ် သို့တည်းမဟုတ် လိုအပ်လျှင်လိုအပ်သလို ထပ်မံချိန်းဆိုမှုများပြုလုပ်ရပြီး ၄င်းလူနာ၏ အခြေအနေများကို စဥ်ဆက်မပြတ်စစ်ဆေးနေရပါမည်။

သို့ပါသောကြောင့် ခြေကျင်းဝတ်ထိမ်းကိရိယာ Ankle foot orthosisများ ဟာဆိုရင်ဖြင့် အရိုးအကြောဆိုင်ရာများ အာရုံကြောဆိုင်ရာ စသည်တို့ကြောင့်ဖြစ်ရသည့်နောက်ဆက်တွဲ ပြသနာများကို ပြန်လည်ကုစားနိုင်မည်ဖြစ်ပါသည်။